ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးဝ-မော်လိုက်ကားလမ်းမတလျှောက်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာနဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့ဖို့ စစ်ဆင်ရေးတွေ ရှိလာနိုင်လို့ အရပ်သားပြည်သူတွေ ရှောင်ရှားဖို့ အသိပေးထုတ်ပြန်လိုက်တာပါ။ 

ကလေးတပ်နယ်နဲ့ မော်လိုက်တပ်နယ်တွေအတွက် တပ်သားအင်အားသစ်တွေ စုဆောင်းခြင်းနဲ့လက်နက်ခဲယမ်း ရိက္ခာတွေပို့ဆောင်ခြင်းတွေဟာ ပုံမှန်နွေရာသီကာလမှာ ပြုလုပ်လေ့ရှိတာကြောင့် ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးလာနိုင်ကြောင်း သတိပေးထားတာပါ။

ကလေး၀-မော်လိုက်ကားလမ်းမှာ စစ်ကောင်စီက အရပ်သားကားတွေကို အသုံးပြုပြီး တပ်ပြောင်းတာ၊ ရိက္ခာရွှေ့ပြောင်းမှုတွေလည်း ပြုလုပ်လျက်ရှိနေပါတယ်။

ဒါ့ကြောင့် ပြည်သူတွေ အနေနဲ့ (ကလေးဝ-မော်လိုက်)ကားလမ်းကို အသုံးပြုသွားလာခြင်း (လုံးဝ) မပြုလုပ်ကြဘဲ မြစ်ကြောင်း(ရေလမ်း)ကိုသာ အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။ လမ်းပိုင်း ပြန်လည်အသုံးပြုနိုင်မယ့် အချိန်ကို ထုတ်ပြန်ကြေညာပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံး အလုံး ၂၀ ကြဲတိုက်ခိုက်ရာ ၈ ယောက်ထက်မနည်း ထိခိုက်မှု ရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုဆယ်အိမ်စုကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား (၈) ယောက်ထက်မနည်း ထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ရဲဘော်လျှပ်စီး (ခ) နေဝင်းထွန်း ဦးခေါင်း ကျည်ထိမှန် ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲမှာ သေနတ်ကျည် ဦးခေါင်းထိမှန်ပြီး ကျဆုံးခဲ့တဲ့ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲ့ ရဲဘော် လျှပ်စီး (ခ) နေဝင်းထွန်းကို စစ်ပုံစံနဲ့အညီ သင်္ဂြိုလ်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု၏ အပတ်စဥ် (၈) အခြေခံစစ်သင်တန်းဆင်းပွဲ

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ) မှာ တာဝန်ထမ်းဆောင်ခဲ့ကာ မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။