မြန်မာပြည်တွင်းက တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ ဒုက္ခသည်တွေကို ယူရို ၃၃ သန်းကျော် ထောက်ပံ့ပေးအပ်သွားမယ်လို့  ဥရောပသမဂ္ဂ  EU က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနဲ့  ဘင်္ဂလားဒေ့ရှ်အပါအဝင် အကျပ်အတည်းကြုံနေရတဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှက နိုင်ငံတွေကို EU က စုစုပေါင်း ယူရို ၇၆ သန်း ထောက်ပံ့သွားမယ်လို့  မနေ့က မတ်လ ၃ ရက်နေ့ကမှာ ထုတ်ပြန်ပါတယ်။

ယူရို ၃၂ ဒသမ ၃ သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေကို ထောက်ပံ့မှာဖြစ်ပြီး ၃၃ သန်းကိုတော့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် ထိခိုက်ကြရသူတွေကို ထောက်ပံ့သွားမယ်လို့ဖော်ပြထားပါတယ်။

ကျန်ရှိတဲ့ ယူရို ၁ဝ သန်းကျော်ကိုတော့ ဒေသတွင်းနိုင်ငံတချို့က ဒုက္ခသည်တွေအပါအဝင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် ပေးအပ်မယ်လို့ဆိုပါတယ်။

ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို EU က တတိယအကြိမ်မြောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်ရရှိမယ့် ရန်ပုံငွေကိုတော့ အရေးပေါ်စားနပ်ရိက္ခာရရှိရေးကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ ကျန်းမာရေးနဲ့ ပညာရေး၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ရသူတွေကို ထောက်ပံ့ရေးနဲ့ အသိပညာပေးရေးလုပ်ငန်းတွေလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်လိုက်တယ်လို့ CRPH က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဆေးဝါးပစ္စည်းများ သယ်ဆောင်ကာ ဂျပန်စစ်လေယာဉ် မြန်မာပြည်ကို လာရောက်မည်

ဆေးဝါးပစ္စည်းတွေ အစုံအလင်ပါဝင်မယ့် ဂျပန်စစ်တပ်ရဲ့ C-130 ကူညီကယ်ဆယ်ရေး လေယာဉ်ဟာ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။ ငလျင်ဘေးသင့် ပြည်သူတွေကို အဓိကကူညီဖို့ ၀န်ထမ်း အယောက် ၂၀ နဲ့ ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်း ၂ ဒသမ ၅ တန်ပါတဲ့ C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ SDF ( Self-Defense Force)အခြေစိုက်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာလာမှာ ဖြစ်ပါတယ်။
Read More

ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲမှ  ရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိ၊ အကျိုးအမြတ်အားလုံး ပြန်လည် လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ဘေးသင့် မြန်မာပြည်သူတွေ ကူညီကယ်ဆယ်မှု ပြုလုပ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ဗီယက်နမ် လေကြောင်းလိုင်း Vietjet က ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေ ခြေရာခံနိုင်ထားပြီး အစွမ်းကုန်တိုက်ဖျက်ချေမှုန်းသွားမယ်လို့ တရုတ်အစိုးရ ကြေညာ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းဟာ တရုတ်သရုပ်ဆောင်တွေကို ပစ်မှတ်ထားနေပြီး အဲ့ဒီဂိုဏ်းကို ခြေရာခံနိုင်ပြီလို့ တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီထံ စီးဝင်မယ့် လက်နက် ၃ ပုံ ၁ ပုံကို နိုင်ငံတကာငွေကြေးလမ်းကြောင်းကတဆင့် ဖြတ်တောက်နိုင်ခဲ့လို့ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ မည်မျှအရေးကြီးကြောင်း ကုလအထူးကိုယ်စားလှယ် ထောက်ပြပြောဆို

စစ်အုပ်စုရဲ့ ၂၀၂၁ အကြမ်းဖက်အာဏာသိမ်းအပြီး မြန်မာနိုင်ငံအတွင်း ပြည်သူ ၆,၈၀၀ ကျော် အသတ်ခံခဲ့ရပြီး ၂၂,၀၀၀ ကျော် အကျဉ်းချခံနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဇွန်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။