ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အနီးအထိ တိုက်ပွဲတွေ ပြင်းထန်နေလို့ သစ်ထုတ်လုပ်ရေးလုပ်ငန်းက ရာနဲ့ချီတဲ့ ဆင်တွေကို ဝန်ထမ်းတွေနဲ့အတူ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရခိုင်ရိုးမအနီး သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် မရမ်းချိုရွာ သစ်ထုတ်လုပ်ရေးစခန်းက ဆင်အကောင်ရေ တစ်ရာကျော်နဲ့ သစ်ထုတ်လုပ်ရေး ဝန်ထမ်းမိသားစုတွေ အဓိက ပြောင်းရွှေ့နေရတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

သာပေါင်းမြို့နယ်အစပ်က စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေ တဖြည်းဖြည်း နီးကပ်လာလို့ ဖေဖော်ဝါရီလကုန်ကတည်းက စတင်ရွှေ့ပြောင်းနေတာလို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင်းချောင်း ဆင်စခန်းကနေ မရမ်းချိုအထိ ပြောင်းရွှေ့လာတဲ့ ဆင်တွေဟာ   

တိုက်ပွဲတွေ နီးကပ်လာလို့ လုံခြုံရေးအရ မရမ်းချိုကနေ ငပုတောမြို့နယ် မြစ်တရာကြိုးဝိုင်းထဲကို ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ် ဂွမြို့နယ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဂွမြို့နယ် ဒေါင်းချောင်း ဆင်စခန်းက ဆင် ၄၅ ကောင်နဲ့ သစ်ထုတ်လုပ်ရေး ဝန်ထမ်းတွေဟာ သာပေါင်းမြို့နယ်၊ မရမ်းချိုရွာ သစ်ထုတ်လုပ်ရေးစခန်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ် တွေမှာ  ၂၀၂၄ ဇူလိုင်လက တိုက်ပွဲတွေအတွင်း ရာနဲ့ချီတဲ့ သစ်ထုတ်လုပ်ရေး ဆင်တွေကို တော်လှန်ရေးအင်အားစုတွေ ထိန်းသိမ်းမှုအချို့ ပြုလုပ်ခဲ့ပါသေးတယ်။

လက်ရှိ သာပေါင်းအနီးမှာ AA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး အရင်က ဧရာ၀တီတိုင်းနဲ့ ရခိုင်နယ်စပ်မှာသာ ဖြစ်ပွါးခဲ့ရာကနေဧရာ၀တီတိုင်းထဲကို တိုက်ပွဲတွေ စတင်ရောက်ရှိလာပြီဖြစ်ပါတယ်။

(ဓာတ်ပုံ CJ)
(ဓာတ်ပုံ CJ)
(ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကိုထိန်လင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim Aris တို့ ဒီနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြပါတယ်။
Read More

အောင်သပြေရဲဝန်းထဲကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က အောင်သပြေ ရဲဝန်းထဲကို ၄၀ မမ (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော် ဒဏ်ရာရကာ သေဆုံးဒဏ်ရာရသူ ဆက်လက်တိုးမြှင့်နိုင်ဟု စစ်ကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ယောက်ရှိပြီး ဒဏ်ရာရသူ  ၇၃၂ ယောက်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ဝါဒဖြန့်ရုပ်သံကတဆင့် ဒီနေ့ မတ်လ ၂၈ ရက် ညပိုင်းမှာ ပြောကြားပါတယ်။
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေအတွက် NUG အစိုးရက အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ပေးနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေက ဒေသခံပြည်သူများအတွက် “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်ကတဆင့် ပေးပို့လှူဒါန်းကြတဲ့ အလှူငွေတွေကို ရေဘေးသင့် ပြည်သူတွေဆီ မြေပြင်တာဝန်ခံတွေနဲ့ ပူးပေါင်းချိတ်ဆက် ထောက်ပံ့နေတယ်လို့ သိရပါတယ်။
Read More

TNLA  ထိန်းချုပ်နယ်မြေများတွင် ကောက်ခံမည့် လျှပ်စစ်မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်

ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ကောက်ခံသွားမယ့် လျှပ်စစ်မီတာခနှုန်းထားတွေကို ဧပြီလ ၁၀ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းနှင့် ဝေါမြို့နယ် သူရဲသူမိန်ရွာက စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်၊ စစ်သား ၄ ဦး သေဆုံး

“၅၉၈ မှာ ပြန်တပ်စွဲဖို့ ပြင်နေ၊ ဘန်ကာဆောက်နေတဲ့ စစ်‌ေ-ွးတွေကို လက်နက်ကြီး၊ စနိုက်ပါနဲ့ သွားချတာပါ။ သေဆုံးတွေက ဒေသခံတွေ ပြန်ပြောတာပါ။ အရင် ၅၉၈ ကို တိုက်ပြီးကတည်းက အဲဒီ ဝန်းကျင်ရွာတွေက ပြန်နေလို့မရတော့ပါဘူး။ ပြန်နေလည်း စကစက ပြန်မောင်းထုတ်တဲ့ အခြေအနေတွေပါ” လို့ ပဲခူးခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။