အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗော်လိုဒီမာ ဇယ်လန်စကီး တို့နှစ်ယောက် ဘဲဥပုံရုံးခန်းမှာ အခြေအတင်ဖြစ်ခဲ့ကြပြီး ရက်ပိုင်းအကြာမှာ အခုလို ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

အဖြေတစ်ခုရဖို့ အထောက်အကူဖြစ်တယ်ဆိုတာ သေချာစေဖို့ အမေရိကန်အနေနဲ့ အကူအညီတွေ ခေတ္တရပ်ဆိုင်းပြီး ပြန်လည်သုံးသပ်နေတာဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

Bloomberg နဲ့ Fox News တို့ရဲ့ သတင်းဖော်ပြချက်အရ နိုင်ငံ့ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့ ကတိသစ္စာရှိတယ်လို့ ထရမ့်က ဆုံးဖြတ်တဲ့အထိ ဆိုင်းငံ့ထားမှာလို့ သိရပါတယ်။

(ဓာတ်ပုံ AP)

“ဒါက အကူအညီတွေ အပြီးတိုင်ရပ်စဲလိုက်တာမဟုတ်ဘူး၊ ခဏဆိုင်းငံ့တာပါ” လို့ Fox News က ထရမ့်အစိုးရ အရာရှိတစ်ယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။

လေယာဉ်နဲ့ သင်္ဘောတွေပေါ်မှာ အတင်အချလုပ်နေတဲ့ ဒါမှမဟုတ် ပိုလန်က အကူးအပြောင်းနေရာမှာ စောင့်ဆိုင်းနေတဲ့ လက်နက်တွေအပါအဝင် လက်ရှိ ယူကရိန်းမှာ မရှိနေတဲ့ အမေရိကန် စစ်လက်နက်ပစ္စည်းတွေအားလုံးကို ခေတ္တဆိုင်းငံ့ထားမှာဖြစ်ကြောင်း Bloomberg က ဖော်ပြခဲ့ပါတယ်။

အခုလို ခေတ္တရပ်ဆိုင်းထားဖို့ ကာကွယ်ရေးဝန်ကြီး Pete Hegseth ကို ထရမ့်က အမိန့်ပေးခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါသေးတယ်။

“ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ဆိုင်းငံ့ထားဖို့ မဆွေးနွေးခဲ့ဘူး၊ ဇယ်လန်စကီးအနေနဲ့ ဝါရှင်တန်ရဲ့ ထောက်ပံ့မှုကို ဒီထက်ပို တန်ဖိုးထားသင့်တယ်” လို့ အိမ်ဖြူတော်မှာ ထရမ့်က သတင်းထောက်တွေကို ပြောဆိုပြီး နာရီပိုင်းအကြာမှာ အခုလို သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားရဲ့ သုံးနှစ်တာ ကျူးကျော်စစ်ပွဲအတွင်း ဝါရှင်တန်ဟာ ယူကရိန်းကို ဒေါ်လာဘီလီယံပေါင်းများစွာ အကူအညီပေးခဲ့တာ ဖြစ်ပါတယ်။

မူရင်းသတင်း – Trump pauses all U.S. military aid to Ukraine after angry clash with Zelenskiy

0 Shares:
You May Also Like
Read More

အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်သည့် မြန်မာစစ်အုပ်စုအား အာဆီယံ အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်

မြန်မာ့နိုင်ငံအရေးအတွက် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကြမ်းဖက်မြန်မာစစ်တပ်က အကောင်အထည်မဖော်တာကြောင့် အာဆီယံအစည်းအဝေးတွေကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးက ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွေးကောက်ပွဲအတု နီးကပ်လာတာနဲ့အမျှ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုများကို မြန်မာစစ်တပ် ကျူးလွန်နေကြောင်း IIMM ထုတ်ပြန်

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ လက်ရှိ ရွေးကောက်ပွဲအကြိုကာလတွေမှာ နိုင်ငံအတွင်း ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

အာဆီယံအဖွဲ့ မြန်မာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူ မလွှတ်၊ နိုင်ငံတကာကလည်း အယုံအကြည် မရှိ

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဟာ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သံတမန်ရေးသတင်းအရင်းအမြစ်တွေက အောက်တိုဘာ ၂၇ ရက် တနင်္လာနေ့မှာ ပြောခဲ့ကြတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ထား

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ နယ်စပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့် အနိုင်ရမိန့်ခွန်းပြော

၂၀၂၄ နိုဝင်ဘာလ ၅ ရက်မှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရကြောင်း အမေရိကန်သတင်းဌာနက Fox News က ကြေညာခဲ့ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ထုတ်ပယ်ခံရပြီး သူမ၏  အစိုးရအဖွဲ့ပါ ဖျက်သိမ်းခံရ

ဟွန်ဆင်နဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် တရားရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာကို အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ အမိန့်ချလိုက်ပါတယ်။