မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဂေါက်ကွင်းအတွင်းရှိ ဟိုတယ်နဲ့ Night Club မှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့် ဝင်ရောက်တပ်စွဲထားကြောင်း သတင်းရရှိတဲ့ အတွက် ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက် ခိုက်ခဲ့တယ်လို့ Youth Guerrilla Counter Revolution – NZ တပ်ဖွဲ့ထံက သိရပါတယ်။

ဂေါက်ကွင်းထဲရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို Fixed Wings Drone ၃ စီးနဲ့ ဗုံးသီးကြဲချပြီး ၈၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှုရှိပြီး မြေပြင်အခြေအနေအရ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို TGYR-Youth Guerrilla Counter Revolution-NZ (TGYR-Drone Team )နဲ့အတူ  နယ်စီးမခြား ပြောက်ကျားတပ်ဖွဲ့၊ 925-ပြောက်ကျားတပ်ဖွဲ့၊ ဧရာမမြွေပြွေးပြောက်ကျားတပ်ဖွဲ့)၊ ငါန်းဇွန်မြို့နယ် (မြို့နယ် ပကဖ )၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် တောင်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၁ ယောက် ပြုတ်ကျဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာမှာ တောင်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေ သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်တွင် စစ်ကော်မရှင်တပ် တပ်စွဲထားရာနေရာများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားနေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ ၃၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာ ၅ ခုကို တော်လှန်ရေးတပ်တွေ တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာ ၅ ခုကို စက်တင်ဘာ ၁၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

Phoenix -Special Warfare Force က ကျည်ကာများ စမ်းသပ်ထုတ်လုပ်မှု အောင်မြင် (ရုပ်/သံ)

Phoenix -Special Warfare Force က ထုတ်လုပ်တဲ့ Level 3 plus နဲ့  Level 4 အဆင့်ကျည်ကာပြားများ ကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

အဆုံးသတ် ရောင်နီကို မျှော်မှန်းရင်း တော်လှန်ခရီးကြမ်း လျှောက်လှမ်းနေသည့် လူငယ်များ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ-၂၊ အမှတ်-၇၈၀၅တပ်ရင်း အနေနဲ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေး ရုပ်သံမှတ်တမ်းတစ်ခုကို ထုတ်ပြန်ထားပါတယ်။