မကွေးတိုင်း၊ မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မတ်လ ၄ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ဗုံးကြဲခံရတဲ့ ဆင်စိန်ရွာဘုန်းကြီးကျောင်းရှိ ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁ ယောက် သွေးထွက်လွန်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနေရာ အနီးပတ်ဝန်းကျင်တစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အကြောင်းမဲ့လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းကတော့ အားလုံးနီးပါး ပျက်စီးသွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးမြို့ကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်နဲ့ အက်စစ်တင်ယာဉ် ၅၁ စီး ကို ဖေဖော်ဝါရီ ၁၉ ရက်က ချောင်းဦးမြို့အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်နဲ့ ရေပိုးစားကျေးရွာကြား လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းက မိုင်းဆွဲတိုက် ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်သည်ပြောက်ကျားအဖွဲ့ထံက သိရပါတယ်။
Read More

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ-၃ နေပြည်တော်တိုင်းစစ်ဌာနမှာ တပ်မှူးငယ်သင်တန်း အပတ်စဉ် (၁/၂၀၂၅) သင်တန်းကျင်းပ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ-၃ နေပြည်တော်တိုင်းစစ်ဌာန၊၊စစ်ဗျူဟာအမှတ်(၁၇)၊တပ်ရင်းအမှတ်(၈၀၄) ပျဥ်းမနားစစ်ကြောင်း၊ Royal Thunder Column ၊တပ်မှူးငယ်သင်တန်း အပတ်စဥ်(၁/၂၀၂၅) သင်တန်းမှတ်တမ်းပုံရိပ်တွေနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို နေပြည်တော် PDF မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

သီတာယုမွန် ပျူအဖွဲ့ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ကားပေါ်ပါသည့် ၅ ဦးလုံး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ အဖွဲ့သားတွေ စီးနင်းလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစေဖို့ ချစ်သုဝေ ဆုတောင်းပေး (ရုပ်/သံ)

မနက်ဖြန် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် တော်လှန်အနုပညာရှင် ချစ်သုဝေက ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။