မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ လေကြောင်းရန်ကာကွယ်ဖို့ ဗုံးခိုကျင်းများ ကြိုတင်ပြီး မဖြစ်မနေတူးထားဖို့  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မတ်လ ၃ ရက်နေ့ မနေ့က အသိပေးထုတ်ပြန်ပါတယ်။

လေကြောင်းရက်ဆက်တိုက်ခိုက်ခံနေရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းတူးကြဖို့နဲ့ စတားလင့်အင်တာနက်လိုင်းတွေကိုပါ ယာယီပိတ်ထားကြဖို့ အသိပေးထုတ်ပြန်လိုက်တာပါ။

၊နေအိမ်တိုင်းတစ်လအတွင်း ဗုံးခိုကျင်းမဖြစ်မ နေတူးကြရန်၊ ဗုံးခိုကျင်းတူးမှုကို ရပ်ကျေးပကဖအဖွဲ့များကိုယ်တိုင် စိစစ်ရန်နဲ့မလိုက်နာပါက ဒဏ်ကြေးငွေရိုက်ဖို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင်ကျေးရွာတွေထဲ ပြင်ပဧည့်သည်များဝင်ရောက်လာမှုအပေါ် သတင်းပို့ဖို့နဲ့ အလှူ၊မင်္ဂလာပွဲလန်းသဘင်များ ပြုလုပ်မည်ဆိုပါက ကြိုတင်ခွင့်ပြုချက်တောင်းဖို့ပါ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်ကနေ ဒီနေ့ (မတ်လ၄ရက်) အထိ တစ်ပတ်အတွင်း မြိုင်မြို့နယ်က ကျေးရွာတွေ လေကြောင်းတိုက်ခိုက်ခံနေရပြီးကလေးငယ်တွေအပါအဝင် ပြည်သူ ၃၀ ကျော်အထိ သေဆုံးမှုတွေရှိခဲ့တာပါ။

ဒါ့ကြောင့် မဖြစ်မနေလေကြောင်းရန်ကာကွယ်ရေး လုပ်ငန်းတွေ ပြည်သူတွေအနေနဲ့ လိုက်လံ လုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုတွေက ဆက်တိုက်နှိုးဆော်လျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောဆိုပြန်

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က RADISSON COLLECTION ဟိုတယ်မှာ ပြုလုပ်တဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ" သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၄) တပ်ရင်း၏ အခြေခံစစ်ရေးသင်တန်းဆင်းပွဲနှင့် တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား

ရှမ်းတောင်ကယား (ကရင်နီ) တိုင်းစစ်ဌာန ၊ ရှမ်းတောင်စစ်ဒေသ စစ်နည်းဗျူဟာအမှတ် (၁၄) ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၄) တပ်ရင်း ရဲ့ တပ်ရင်း အခြေခံစစ်ရေးသင်တန်းဆင်းပွဲ နဲ့ တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်းဒေသခံတွေဆီက သိရပါတယ်။
Read More

ဝက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်အပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ နတ်မှော်ဦးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၏ မွမ်းမံသင်တန်းဆင်းပွဲတွင် ယူနီဖောင်းတပ်ဆင်…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်း-ကယား (ကရင်နီ) တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၄) လက်အောက်ခံ အမှတ် (၁၀၁) တပ်ရင်း ၊မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ခွဲ(၄)ဝံပုလွေတပ်ခွဲက မွမ်းမံသင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်ပေးပွဲကို စက်တင်ဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။