မန္တလေးတိုင်းအတွင်း မြင်းခြံ၊ နွားထိုးကြီးနဲ့ တံတားဦးမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ၄ရက်ဆက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အယောက်၂၀ နဲ့ အထက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၄၊ ၁၀) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ရက် ညနေပိုင်းကစလို့ တံတားဦးမြို့နယ်၊ မြိုင်သာ ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များခဲ့ပါတယ်။ 

နောက်တစ်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နဲ့ ၂၈ရက် ညနေပိုင်းတွေမှာလည်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ သာစည်လေးရွာနဲ့ မျက်ရှုကျေးရွာ အနီးတစ်ဝိုက်တို့မှာ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များတာကြောင့် Mi35 နဲ့ တိုက်ပွဲဖြစ်ရာဆီ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ အနီးမှာရှိတဲ့ သာစည်လေးနဲ့ မျက်ရှုကျေးရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးရာ အရပ်သားနေအိမ်တွေမီးလောင်ပျက်ဆီးခဲ့ပါသေးတယ်။

စစ်အုပ်စု တပ်ဖွဲ့ဝင်တွေဆီက သိမ်းဆည်းရရှိသော သေနတ်နှင့် ကျည်ကာကို တွေ့ရစဥ်

အဲ့ဒီတိုက်ပွဲတွေမှာ မြင်းခြံခရိုင်တပ်ရင်း (၄၊ ၁၀) နဲ့အတူ တံတားဦးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် မတ်လ ၁ရက်နေ့မှာလည်း မြင်းခြံမြို့နယ်အရှေ့ဘက်၊ ကျောက်ကန်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတစ်နေကုန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အထိအခိုက်များခဲ့တဲ့အတွက် ဂျက်ဖိုက်တာ ၊ Mi35 ရဟတ်ယာဥ်တွေနဲ့ ၆ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲ ၄ရက်တာအတွင်း စစ်ကောင်စီတပ်သားအယောက် ၂၀ ကျော်​သေဆုံးပြီး ၈ယောက်နဲ့အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလို ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် လက်နက်ခဲယမ်းလိုအပ်ချက်တွေလည်းဖြစ်ပေါ်နေတယ်လို့ မြင်းခြံခရိုင် အမှတ် ( ၄၊ ၁၀) တပ်ရင်းက အသိပေးထားပါတယ်။ 

“တိုက်ပွဲက ၄ရက်ဆက်တိုက်ဖြစ်တာပါ။ မြင်းခြံထဲပါ ဆက်ဖြစ်နေတော့ ခဲယမ်းဖြည့်တင်းနိုင်ဖို့ လိုအပ်နေပါတယ်” လို့ မြင်းခြံခရိုင် အမှတ် (၄၊ ၁၀) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေဟာ တော်လှန်ရေးအားကောင်းရာ မြို့နယ်တွေဖြစ်သလို စစ်အုပ်စုတွေလည်း အခိုင်အမာတပ်စွဲထားရာ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီဘက်က အရပ်သားနေအိမ်တွေပါမချန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမောက်မြို့အား အောင်မြင်စွာ သိမ်းပိုက်မှု NUG အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်၊ SNA ဗိုလ် (၁) ဦးအပါ အလောင်း (၇) လောင်းကို ရရှိခဲ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ အကြမ်းဖက်စစ်တပ် စိုးမိုးနယ်မြေအတွင်းရှိ ဗန်းမောက်မြို့ကို စက်တင်ဘာလ (၁၅) ရက်မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

မြင်းမူမြို့က စစ်စခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်သားတွေ ထိခိုက်သေဆုံးနိုင်သလို တော်လှန်ရေးဘက်က ဒရုန်းတစ်စီး ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force - MMU က ထုတ်ပြန်ထားပါတယ်။
Read More

Chinland အစိုးရတပ်ဖွဲ့ စစ်ကြောင်းများ အကြမ်းဖက်စစ်တပ် အင်အား ၅၀ ကျော်ကို ထပ်မံချေမှုန်း

Chinland အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁)၊ စစ်ကြောင်း (၂) နဲ့ အကြမ်းဖက်စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး တော်လှန်ရေးမဟာမိတ်အင်အားစုတွေက စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ထပ်မံချေမှုန်း သုတ်သင်နိုင်ခဲ့တယ်လို့ Chinland ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ မွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြုလုပ်…

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ ပါတီမွေးနေ့ အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ စစ်ဒေသတစ်ခုမှာ ဩဂုတ်လ ၁၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံမှာ ဗဟိုဦီးဆောင်ကော်မတီ (စစ်ကော်မရှင်) ဖွဲ့စည်း

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို မေလ ၁၅ရက်ကနေ ‌၂၀ ရက်အထိ ဗဟိုဌာနချုပ်နယ်‌မြေမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းအတွင်း ဧပြီလမှာ စစ်ရေးဖော်ဆောင်မှု ၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း Operation Flame တပ်ဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်းစစ်ရေးလှုပ်ရှားမှုတွေအနေနဲ့ ဧပြီလ ၁ လတာအတွင်း စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ Operation Flame တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။