မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်တွေမှာ အကြမ်းဖက်စစ် ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ်လ ၁ ရက်အထိ ၄ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းထံက သိရပါတယ်။

ဖေဖော်ဝါရိ ၂၆ ရက် ညနေပိုင်းက တံတားဦးမြို့နယ် မြိုင်သာကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၁၀)တပ်ရင်း၊ တံတားဦး (ပကဖ)တို့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းမှာ နွားထိုးကြီးမြို့နယ် သာစည်လေးကျေးရွာနဲ့ မျက်ရှုကျေးရွာ အနီးတစ်ဝိုက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်း၊ တံတားဦး (ပကဖ)တို့ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများခဲ့တဲ့အတွက် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းမှာလည်း နွားထိုးကြီးမြို့နယ် မျက်ရှုကျေးရွာအနီး မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀)တပ်ရင်း၊ တံတားဦး (ပကဖ)တို့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ သာစည်လေးကျေးရွာနဲ့ မျက်ရှုကျေးရွာတို့ရှိ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၁ ရက် မနက်ပိုင်းမှာ မြင်းခြံမြို့နယ် ကျောက်ကန်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်

အမှတ်(၁၀)တပ်ရင်း၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့ တစ်နေကုန်နီးပါး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများပြားခဲ့တဲ့အတွက် ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်၊ Mi-35 လေယာဉ်နဲ့ ၄ ကြိမ် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

၄ ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက် ၂၀ အထက်သေပြီး ၈ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိသွားကာ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာယုတောင်ကျေးရွာတွင် အင်အား ၇၀ ခန့်ရှိ စစ်အုပ်စုကို ရေးဘီလူး ဝင်ရောက်တိုက်ခိုက်၊ ပျူခေါင်းဆောင် ဒဏ်ရာရရှိပြီး ပျူ ၄ ဦးသေဆုံး (ရုပ်/သံ)

“အခုက ပျူစောထီးခေါင်းဆောင် လင်းဦးကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်တာပါ။ သူ့ရဲ့ ရုံးပေါ့။ အဲ့မှာ သူ့ရဲ့ တပ်သား ၄ဦးကျတယ်။ စိုးရိမ်ဒဏ်ရာရတာလည်း ရှိတယ်။ လင်းဦးကိုယ်တိုင်လည်း သေနတ်ထိသွားလို့ ရေးဆေးရုံကို ပို့ထားတယ်” လို့ ရေးဘီလူးခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

မြိုင်တွင် ပြည်သူပိုင်ပစ္စည်း ခိုးယူနေသည့် စစ်အုပ်စု အလစ်တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၁ လက် ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာအတွင်း ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူ တန့်ကြည့်တောင်ခြေရင်းရှိ အကြမ်းဖက်စစ်အုပ်စုကို ဒရုန်းဗုံးသီးကြဲချပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ခြေရင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ရောက်ရှိလာသည့် တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်း‌‌ဟောင်းပေါ် ရောက်ရှိနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံတစ်ခုကို တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက လူမှုကွန်ရက်ကတဆင့် “အမြန်လမ်းပေါ်မှာ တွေ့ကြမယ်” ဆိုတဲ့ စာသားနဲ့အတူ ဒီနေ့ သြဂုတ် ၂၆ ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

အမျိုးသမီးစစ်သည်များ ပါဝင်ခဲ့သည့် မြိုင်ပကဖ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့ပေါ် စစ်ကော်မရှင်တပ်စွဲထားသည့် နေရာများကို လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။