စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်တောရွဦ ပျူစခန်းကို မတ်လ ၂ ရက် နေ့လယ်ပိုင်းမှာ အဝေးပစ် ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor တပ်ဖွဲ့ထံက သိရပါတယ်။

လက်နက်ကြီးကျည်တွေဟာ ပျူစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ပျူစောထီးစခန်းရှိ အိမ် ၂ လုံးနဲ့ ဘန်ကာတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မုံရွာ-ချောင်းဦးလမ်းပေါ်ရှိ မြပုလဲဆီဆိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလည်း ၁၂၀ မမ လက်နက်ကြီးနဲ့ တော်လှန်ရေးရဲဘော်တွေရှိရာကို ပြန်လည်ပစ်ခတ်ပြီး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Monywa Inventor အဖွဲ့၊ TRIPLE. TWO၊ ဒေါင်းရာဇာနဲ့ တခြားသော ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-ချောင်းဦး လမ်းမပေါ်တွင် အကြမ်းဖက် စစ်သားတွေ မိုင်းဆွဲတိုက်ခိုက် ခံရပြီး ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-ချောင်းဦးလမ်းပေါ်မှာ စစ်ကော်မရှင် လက်အောက်ခံ တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ သွားတယ်လို့ Monywa Dynamite - Special Task Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် မင်းအောင်လှိုင်၏ ယတြာအစီအစဉ် ပျက်စီး (ရုပ်/သံ)

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For  Myanmar (BWM) က သတင်းထုတ်ပြန် ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger တပ်ဖွဲ့အခြေချတပ်စခန်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger တပ်ဖွဲ့ အခြေချ တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် နံနက် ၅ နာရီခန့်က အင်အား ၁၂၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်ဒိုနီးရှားတွင် ကစားကွင်းမတော်တဆမှုကြောင့် ကလေးငယ် ၅ ဦးနှင့် လူကြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

အင်ဒိုနီးရှားနိုင်ငံ၊ ကေတာပန်မြို့ရှိ ကစားကွင်းတစ်ခုမှာ မတော်တဆမှုဖြစ်ပွားပြီး ကလေးငယ် ၅ ယောက်နဲ့ လူကြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာန Liputan6SCTV ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ တောင်ညိုဆည်မကျီုးပင်ဂိတ်ကို တော်လှန်ရေးတပ်များ နယ်မြေရှင်းလင်းရေး (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းမှာ အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ တောင်ညိုဆည် မကျီးပင်ဂိတ်ကို အကြမ်းဖက်စစ်သားတွေ စွန့်ခွာထွက်ပြေးသွားတဲ့အတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်များထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ပြီး အကြမ်းဖက်စစ်သား အများအပြားသေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာနဲ့ မဒဲရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ နဂါးစစ်သည်တော် တပ်ခွဲထံက သိရပါတယ်။