အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗော်လိုဒီမာ ဇယ်လန်စကီး တို့နှစ်ယောက် ဘဲဥပုံရုံးခန်းမှာ အခြေအတင်ဖြစ်ခဲ့ကြပြီး ရက်ပိုင်းအကြာမှာ အခုလို ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

အဖြေတစ်ခုရဖို့ အထောက်အကူဖြစ်တယ်ဆိုတာ သေချာစေဖို့ အမေရိကန်အနေနဲ့ အကူအညီတွေ ခေတ္တရပ်ဆိုင်းပြီး ပြန်လည်သုံးသပ်နေတာဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

Bloomberg နဲ့ Fox News တို့ရဲ့ သတင်းဖော်ပြချက်အရ နိုင်ငံ့ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့ ကတိသစ္စာရှိတယ်လို့ ထရမ့်က ဆုံးဖြတ်တဲ့အထိ ဆိုင်းငံ့ထားမှာလို့ သိရပါတယ်။

(ဓာတ်ပုံ AP)

“ဒါက အကူအညီတွေ အပြီးတိုင်ရပ်စဲလိုက်တာမဟုတ်ဘူး၊ ခဏဆိုင်းငံ့တာပါ” လို့ Fox News က ထရမ့်အစိုးရ အရာရှိတစ်ယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။

လေယာဉ်နဲ့ သင်္ဘောတွေပေါ်မှာ အတင်အချလုပ်နေတဲ့ ဒါမှမဟုတ် ပိုလန်က အကူးအပြောင်းနေရာမှာ စောင့်ဆိုင်းနေတဲ့ လက်နက်တွေအပါအဝင် လက်ရှိ ယူကရိန်းမှာ မရှိနေတဲ့ အမေရိကန် စစ်လက်နက်ပစ္စည်းတွေအားလုံးကို ခေတ္တဆိုင်းငံ့ထားမှာဖြစ်ကြောင်း Bloomberg က ဖော်ပြခဲ့ပါတယ်။

အခုလို ခေတ္တရပ်ဆိုင်းထားဖို့ ကာကွယ်ရေးဝန်ကြီး Pete Hegseth ကို ထရမ့်က အမိန့်ပေးခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါသေးတယ်။

“ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ဆိုင်းငံ့ထားဖို့ မဆွေးနွေးခဲ့ဘူး၊ ဇယ်လန်စကီးအနေနဲ့ ဝါရှင်တန်ရဲ့ ထောက်ပံ့မှုကို ဒီထက်ပို တန်ဖိုးထားသင့်တယ်” လို့ အိမ်ဖြူတော်မှာ ထရမ့်က သတင်းထောက်တွေကို ပြောဆိုပြီး နာရီပိုင်းအကြာမှာ အခုလို သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားရဲ့ သုံးနှစ်တာ ကျူးကျော်စစ်ပွဲအတွင်း ဝါရှင်တန်ဟာ ယူကရိန်းကို ဒေါ်လာဘီလီယံပေါင်းများစွာ အကူအညီပေးခဲ့တာ ဖြစ်ပါတယ်။

မူရင်းသတင်း – Trump pauses all U.S. military aid to Ukraine after angry clash with Zelenskiy

0 Shares:
You May Also Like
Read More

မြန်မာဘက်မှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်နဲ့ စစ်ကော်မရှင်တပ်က တပ်သား ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဖမ်းခံရ

မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။
Read More

မဲဆောက်မြို့ မူးယစ်ဆေးရောင်းဝယ်မှုအတွင်း မြန်မာအချင်းချင်း ဓားနဲ့ထိုး

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးရောင်းဝယ်ရာက စတင်ဖြစ်ပွားတဲ့ ခိုက်ရန်ဖြစ်ပွားမှုတခုကြောင့် မြန်မာအမျိုးသားတယောက် ဓားထိုးခံလိုက်ရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ တရားမဝင်နေထိုင်တဲ့ မြန်မာ ၉ ယောက် ကျည်တောင့် ၃၀၀၀ ခန့်နဲ့အတူ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာ ၉ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ နေအိမ်ကနေ ကျည်ဆန် ၃၀၀၀ နီးပါး ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
Read More

ထိုင်းနိုင်ငံ တောအုပ်တစ်ခုထဲရှိ ကား ၃စီးပေါ်တွင် တရားမဝင် မြန်မာလုပ်သား ၅၅ ဦး ဖမ်းမိ၊ ကားမောင်းသူများ ရဲမလာခင် ထွက်ပြေးသွား

ထိုင်းနိုင်ငံ Khao Khi Foi ခရိုင်ခွဲထဲက တောအုပ်တစ်ခုမှာ စွန့်ပစ်ထားတဲ့ ကား ၃စီးကနေ မြန်မာနိုင်ငံသား ၅၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

ပြင်သစ်သမ္မတမှ ဒေါ်အောင်ဆန်းစုကြည်ထံ ပုဂ္ဂိုလ်ရေးစာ ပေးပို့ပြီး ကျန်းမာရေးအတွက် စိုးရိမ်ကြောင်းပြော၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ကျဥ်းအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် အမြဲတောင်းဆို အားပေးနေတဲ့ ပြင်သစ်သမ္မတ၊ ပြင်သစ်အစိုးရနဲ့ ပြင်သစ်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်းလင်းက ပြောပါတယ်။