အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ကွပ်ကဲမှု (Chain of Command) COC အောက်ကနေ နုတ်ထွက်သွားတဲ့ တပ်ရင်းတွေသလို ဝင်ရောက်လိုတဲ့တပ်ရင်းများစွာ ရှိနေကြောင်းကို NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ မတ်လ ၄ ရက်မှာ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်မှာ ပြောခဲ့ပါတယ်။ 

MOD ရဲ့ COC အောက်နေ နုတ်ထွက်သွားတဲ့ တပ်ရင်းတချို့ရှိနေသလို COC အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းတွေနဲ့ COC အောက် ဝင်ရောက်လိုတာကြောင့် လျှောက်ထားတဲ့ တပ်ဖွဲ့တွေလည်း များစွာရှိနေကြောင်းကို ပြောခဲ့တာပဲ ဖြစ်ပါတယ်။  

ဒါ့ပြင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ အရာရှိအဆင့် ဗိုလ်မှူး (၁) ယောက်အပါအဝင် တပ်သားနဲ့ရဲ (၆၄) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။ 

ခိုလှုံလာတဲ့ (၆၄) ယောက်မှာ လက်နက်နဲ့တကွ ဝင်ရောက်လာသူ (၄၅) ယောက်ရှိပြီး MOD အနေနဲ့ ယူဆောင်လာတဲ့ လက်နက်အလိုက်လည်း ဂုဏ်ပြုငွေတွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီဟာ စစ်မှုထမ်းအတွက် လူငယ်တွေကို ပေါ်တာဆွဲတာ၊ အိန္ဒိယနိုင်ငံကနေ ပြန်ပို့လာသူတွေကို အဓမ္မစစ်မှုထမ်းတာတွေ၊ အမျိုးသမီးတွေကိုပါ တပ်သားသစ်စုဆောင်းနေတာ၊ လူငယ်တွေကို နိုင်ငံတကာ ထွက်ခွာခွင့်ပိတ်ပင်တာ၊ အကျဉ်းထောင်ကနေ စစ်မှုထမ်းစုဆောင်းတာတွေဟာ နိုင်ငံနဲ့ချီပြီး ကျူးလွန်နေတဲ့ အဓမ္မစေခိုင်းမှုဖြစ်ပြီး အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့်  နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေအနေနဲ့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်ကြဖို့ကိုလည်း ဦးနေဘုန်းလတ်က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။ 

အခုလို စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ ပေါ်တာဆွဲ လူသစ်စု ဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက်ပြောင်းလိုတဲ့ တပ်သားတွေ၊ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင်အဖွဲ့အစည်း ဒါမှမဟုတ် နီးစပ်ရာ PDF တပ်ရင်း၊ တပ်ဖွဲ့တွေထံ ဆက်သွယ် ချိတ်ဆက်ကြဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၄ဦး CDF-Asho ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ဦးကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) မှဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်နှင့် KIA/KPDF တို့ တိုက်ပွဲဖြစ်၊ အပြန်အလှန် ပစ်ခတ်မှုများအတွင်း ဒေသခံ ၄ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သီတင်းကျွတ်လပြည့်နေ့က KIA/PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။
Read More

ကျောက်ပန်းတောင်းလမ်းပိုင်းတစ်နေရာတွင် ပျူစောထီးခေါင်းဆောင်နှင့် အဖော်အမျိုးသမီး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ပျူစောထီးခေါင်းဆောင် ၁ယောက် စီးနင်းလာတဲ့ ကားကို စောင့်ကြို ဖမ်းဆီးရင်း အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Popa Guerilla Force (PGF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုးကုတ်နှင့် မိုးမိတ်ကို ပြန်ရလိုက်တဲ့ အကြမ်းဖက်စစ်တပ် ဘယ်ဒေသတွေကို ပိုမိုထိုးစစ်ဆင်လာနိုင်မလဲ

တရုတ်ရဲ့ ဖိအားတွေကြောင့် တအာင်းတပ်မတော် TNLA တပ်တွေ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်လွှတ်ပြီး ပြန်လည်ဆုတ်ခွာရချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်၊ ကချင်နဲ့ ချင်းဘက်တွေကို စစ်ရေးအရ ပိုမို ဖိအားပေးတိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုကြပါတယ်။
Read More

⁨⁨⁨ပြည်သူများကို အတင်းအကြပ် စစ်မှုထမ်းထဲ ထည့်နေသည့် ပျူစောထီး ဇရပ်မှာ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုကျေးရွာမှာနေထိုင်တဲ့  ပျူစောထီး ခင်မောင်ဝင်းဟာ ကျေးရွာနေ ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃⁩) ထံက သိရပါတယ်။