ကရင်နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို နေ့စဉ် ဘတ်သန်းချီ အကုန်ခံပြီး ကျွေးမွေးစောင့်ရှောက်ထားဖို့ မတတ်နိုင်ဘူးလို့ စောချစ်သူက ပြောဆိုခဲ့ကြောင်း The Nation သတင်းက မတ်လ ၃ ရက်မှာ ဖော်ပြပါတယ်။

စောချစ်သူနေထိုင်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်က သီးသန့်အိမ်ယာမှာ ပြုလုပ်ခဲ့တဲ့ The Nation သတင်းဌာနနဲ့ အင်တာဗျူးမှာ သူကအခုလိုပြောဆိုခဲ့တာပါ။

လူကုန်ကူးခံရတဲ့ ငွေလိမ်အလုပ်သမားတွေနဲ့ လည်ပတ်ပြီး ကမ္ဘာအနှံ့က လူတွေဆီကနေ ဒေါ်လာဘီလီယံချီ လိမ်လည်နေတဲ့ ငွေလိမ်လုပ်ငန်းတွေနောက်ကွယ်က အဓိကကျတဲ့သူအဖြစ် စွပ်စွဲခံနေရတာကို တုံ့ပြန်ဖြေရှင်းဖို့ စောချစ်သူက အင်တာဗျူးလက်ခံခဲ့တာဖြစ်ကြောင်း The Naiton သတင်းက ဆိုပါတယ်။

BGF တပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလလယ်ကတည်းက ငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းခဲ့ပေမယ့် ပြဿနာကို တစ်ယောက်တည်း ဒိုင်ခံ ကိုင်တွယ်ဖြေရှင်းနေရတယ်လို့ စောချစ်သူက ပြောပါတယ်။

“အခုအချိန်မှာ လူတိုင်းက ကျနော့်တစ်ယောက်တည်းကိုပဲ အပြစ်တင်နေကြတယ်။ ပြဿနာတွေကို ကိုယ်တိုင်ကိုယ်ကျ ဘယ်သူမှ တာဝန်ယူပြီး မဖြေရှင်းနေဘူး။ ကျနော် ဘာပဲလုပ်လုပ်၊ ဘယ်အချိန်ပဲလုပ်လုပ် ဝေဖန်ပြစ်တင်ခံနေရတယ်။ ထိုင်း၊ မြန်မာနဲ့ တရုတ် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနေတာတောင် လူမြင်ကောင်းရုံသက်သက် လုပ်နေတယ်လို့ လူတွေက ထင်နေမြင်နေတုန်းပဲ” လို့ သူက ဆိုပါတယ်။

နေရပ်ပြန်ပို့ရေး စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသား ၇၀၀၀ ကျော်ရဲ့ မိခင်နိုင်ငံတွေအနေနဲ့လည်း သူတို့ရဲ့ နိုင်ငံသားတွေကို တာဝန်ယူပေးဖို့ သူက တောင်းဆိုထားပါသေးတယ်။

BGF အနေနဲ့ နေ့စဉ် ဘတ် ၁.၆ သန်း ကုန်ကျမယ့် အကျဉ်းသားတွေရဲ့ နေထိုင်စားသောက်စားရိတ်တွေကို ဆက်ပြီး မတတ်နိုင်တော့ဘူးလို့ သူကဆိုပါတယ်။

ထိုင်းရဲ့ လျှပ်စစ်မီးနဲ့ ရေဖြတ်တောက်မှုကြောင့် မြဝတီမြို့ခံတွေအပေါ် ထိခိုက်မှုက ပိုဆိုးရွားလာတယ်လို့လည်း သူက ပြောပါတယ်။

“အဲဒီငွေလိမ်အလုပ်သမားတွေအတွက် ထိန်းသိမ်းရေးစခန်းတွေရဲ့ အခြေအနေက ပိုပိုဆိုးလာနေပါတယ်။လူပြည့်ကျပ်လာတယ်၊ ပြီးတော့ တချို့လူတွေက စိတ်ကျန်းမာရေးပြဿနာတွေ ခံစားနေရပြီး အိမ်ပြန်ဖို့ စိတ်အားထက်သန်လာတယ်။ ဖိအားတွေ မြင့်တက်လာပြီး စစ်တပ်ရဲ့ ထိန်းချုပ်မှုကို အာခံတာတွေ ပိုကြီးလာတယ်။ တကယ်လို့များ အဲဒီနေရာမှာ လက်နက်ကိုင် တော်လှန်မှုတွေ ဒါမှမဟုတ် အုံကြွမှုတွေ ဖြစ်လာရင် ဒါတွေကို ဘယ်သူက တာဝန်ယူမှာလဲ။ ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ လူပေါင်း ၂သောင်းထက်မနည်း ရှိနေသေးတယ်လို့ ထင်တယ်” ဆိုပြီး သူက သတိပေးထားပါသေးတယ်။

BGF/ DK တို့အနေနဲ့ အကျဉ်းသားတွေကို ဆက်လက်မထိန်းသိမ်းနိုင်ဘဲ ပြန်လွှတ်ပေးခဲ့သည်ရှိသော် ထိုင်းနိုင်ငံထဲကို နိုင်ငံခြားသားတွေ အလုံးအရင်းနဲ့ဝင်ရောက်လာမှာကိုလည်း ထိုင်းအစိုးရက စိုးရိမ်လျက်ရှိနေတာပါ။

အဲဒီအတွက် နိုင်ငံတကာအစိုးရတွေအနေနဲ့ မိမိတို့နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရေး ထိုင်းအစိုးရက တိုက်တွန်းထားပြီး နေရပ်ပြန်လည်ခေါ်ယူရေး မလုပ်နိုင်တဲ့ နိုင်ငံခြားသားတွေကို ထိုင်းအနေနဲ့ လက်ခံထားမှာမဟုတ်ဘူးလို့လည်း ထိုင်းအစိုးရက ပြောဆိုထားပါတယ်။

ကိုးကား – Inside Shwe Kokko: Exclusive interview with Karen BGF chief on scam crackdown

0 Shares:
You May Also Like
Read More

‘ဝ’ ပြည်နယ်မှာ သတ္တုတူးဖော်ရေး ပါမစ်ထုတ်ပေးရန် ဆွေးနွေး

ခဲမဖြူပေါများတဲ့ ‘ဝ’ပြည်နယ်မှာ သတ္တုတူးဖော်ရေးတွေ ပြန်စတင်ဖို့ နီးကပ်လာတဲ့အလျောက် ‘ဝ’ပြည်နယ်အတွင်း သတ္တုတူးဖော်ခွင့်ထုတ်ပေးမှုနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ ခဲမဖြူအသင်း (ITA) က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
Read More

ချင်းမိုင်မှာ KNU ထံ ပို့ဆောင်မည့် လက်နက်များ ဖမ်းဆီးရမိဟု ဆို

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပို့ဆောင်မယ့် စစ်လက်နက် ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြလာပါတယ်။
Read More

မြန်မာအပါအဝင် အာရှဘက်က ရွှေ့ပြောင်းလုပ်သားတွေ လိုချင်ကြောင်း ရုရှား ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပိတ်ဆို့ခံ စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် စစ်ကော်မရှင် အရေးယူဒဏ်ခတ်မှုမှ ကင်းလွတ်နေသေးကြောင်း JFM သတိပေး

စစ်ကော်မရှင်လို့ အများကြခေါ်ကြတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် (SSPC)” အဖွဲ့အစည်းကို နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်ရသေးကြောင်း Justice For Myanmar (JFM) က ဒီနေ့မှာ သတိပေး ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ဘေးသင့် မြန်မာပြည်သူတွေ ကူညီကယ်ဆယ်မှု ပြုလုပ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ဗီယက်နမ် လေကြောင်းလိုင်း Vietjet က ထုတ်ပြန်ထားပါတယ်။
Read More

မလေးရှားတွင် တရားမဝင်ဖွင့်လှစ်ထားသည့် မြန်မာသီးသန့် KTV ကို အာဏာပိုင်များဝင်စီး၊ မြန်မာနိုင်ငံသား အယောက် ၂၀ အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၊ ဘန်ဒါမန်ဂျာလရာ မြို့နယ်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ မြန်မာသီးသန့် KTV တစ်ခုကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား အယောက် ၂၀ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားသတင်းက မေလ ၂၀ ရက်မှာ ဖော်ပြပါတယ်။