ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ စစ်ကောင်စီတပ်တွေဟာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို မြို့ပေါ်ရပ်ကွက်တွေထဲအထိပါ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဥသျှစ်ပင်မြို့ထဲက စစ်မှုထမ်းစာရင်းကနေ ရှောင်ရှားဖို့ လစဉ်ကြေး တစ်အိမ် တစ်သောင်းပေးနေရတဲ့ ရပ်ကွက်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ညက ဧည့်စာရင်း စစ်သလိုနဲ့ ပေါ်တာဆွဲတာ အားလုံး ၁၂ယောက်ပါသွားတယ်။ ဥသျှစ်ပင်မြို့မှာက ရတနာပုံ၊ ရွှေပင်ရယ်၊ ပြည်တော်သာရယ်ဆိုပြီး (၃) ရပ်ကွက်ရှိတာ၊ ပြည်တော်သာရပ်ကွက်က ၇အိမ် ထပ်စစ်အုန်းမယ် ကြားတယ်။ ဘယ်အိမ်တွေတော့ မသိရသေးဘူး၊ အခုက ဦးပန်းတောင်းရာအိမ်မှူး သူ့ဘက်က ပါတာ သူ့ကို ဧည့်စရင်းလာတိုင်ထားပြီးသားသူတွေ အဲ့လူတွေပါသွားတာ” လို့ ဥသျှစ်ပင်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
ပုံစာ – စစ်မှုထမ်း အပတ်စဉ် ၁၀ အတွက် စုဆောင်းခံထားသည့် တပ်သားသစ်တချို့။
ဒါ့အပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ထံမှာလည်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖို့ နာမည်စာရင်းရှိနေပြီး အဓိကအားဖြင့် စစ်ဘေးရှောင်တွေနဲ့ မှတ်ပုံတင်မရှိလို့ ဧည့်စာရင်းတိုင် နေထိုင်သူတွေကို ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီက ဥသျှစ်ပင်မြို့က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဟာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေရာက မြို့အနီးကို ရောက်ရှိလာတာကြောင့် ဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုပါတယ်။
“တိုက်ပွဲနဲ့ နီးလာလို့ပါ။ တိုက်ပွဲဖြစ်လို့ မြို့ကို သူတို့ လက်လွှတ်ရပြီဆိုရင် ပေါ်တာဆွဲလို့ မရတော့ဘူးလေ။ ဒါကြောင့် ရတဲ့ အချိန်လေးအတွင်းမှာ ရသလို ဆွဲနေတာပါ” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
လက်ရှိမှာ AA တပ်ဖွဲ့ဝင်တွေဟာ ဥသျှပ်ပင်မြို့နဲ့ ၁၇မိုင် ကျော်ခန့်သာ ဝေးကွာတဲ့ ညောင်ကျိုးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေနဲ့ အပြင်းအထန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမတ ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရဟု ဆို

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ - ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အသံတိတ် မြဝတီ (ဓာတ်ပုံသတင်း)

ဒီနေ့မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ကို အလိုမရှိကြောင်း အသံတိတ်သပိတ် ဆင်နွှဲနေကြသလို မြဝတီမြို့မှာလည်း လူသူရှင်းလင်းနေပါတယ်။ ပုံမှန်ဆိုရင် လူစည်ကားနေတဲ့ နေရာတွေမှာပါ ရှင်းလင်းနေကြောင်း ဒေသခံတွေက ဓာတ်ပုံတွေနဲ့တကွ လူမှုကွန်ရက်မှာ တင်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးသည့် စစ်သားများကို တိုက်ခိုက်၊ ၄ ဦး သေပြီး ၁ ဦး ထွက်ပြေးသွား

စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ရာ နေရာတင် စစ်သား ၄ယောက်သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်ရင်းတိုးချဲ့ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်တပ်မွေးနေ့နဲ့ တပ်သားသစ် (၂၀)ဦးကို ဘက်တံဆိပ် အပ်နှံသည့် ​အခမ်းအနားပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ ) က တပ်ရင်းတိုးချဲ့ဖွဲ့စည်းတည်ထောင်ခြင်း(၃) နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၇ ရက်က လွတ်မြှောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။