မြန်မာ့အရေးမှာ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကူညီထောက်ခံမှုမျိုးကို မြန်မာပြည်သူတွေ အဓိက လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာအရေး အပါအဝင် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်မဲ့နည်းလမ်း ရှာဖွေရာမှာ ပြည်သူတွေရဲ့ စိတ်ဆန္ဒ၊ အကျိုးစီးပွားတွေနဲ့ကိုက်ညီမယ့် နိုင်ငံတကာရဲ့ အကူအညီတွေလိုအပ်ကြောင်း ဦးကျော်မိုးထွန်းက ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ရိုဟင်ဂျာတွေ အပါအဝင် တခြားလူနည်းစုတွေနဲ့ဆိုင်တဲ့ အဆင့်မြင့် နိုင်ငံတကာညီလာခံ ကျင်းပပြုလုပ်ရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားလိုက်တာပါ။
ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် သိက္ခာရှိစွာ နေရပ်ပြန်ရောက်နိုင်ဖို့ အပါအဝင် သင့်တော်တဲ့ အခြေအနေတစ်ရပ်ကို ပူးပေါင်းဖန်တီးပေးဖို့ လိုအပ်ကြောင်း ဦးကျော်မိုးထွန်းက ဆိုပါတယ်။
ရေရှည် တည်တံ့တဲ့အဖြေရဖို့အတွက် ပြဿနာရဲ့ဇစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့၊ နိုင်ငံရေးအရ အဖြေရဖို့နဲ့ ပြဿနာရဲ့ ဇစ်မြစ်ဟာ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက နိုင်ငံတကာကို အသိပေးပါတယ်။
စစ်ကောင်စီဟာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် ကျူးလွန်နေတာကြောင့် စစ်အာဏာသိမ်း လေးနှစ်ကျော်အတွင်း ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးက ပြည်သူတွေဟာ နေ့တိုင်း အကြောက်တရားနဲ့ နေထိုင်နေကြရတယ်လို့ ဦးကျော်မိုးထွန်းကပြောပါတယ်။
0 Shares:
You May Also Like
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံးရှေ့မှ ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေအဖွဲ့ချုပ်ရုံး (UN Secretariat) ရှေ့မှာ အမေရိကန်ရောက် မြန်မာလူမျိုးတွေက ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီးနှင့် အမေရိကန်အမတ် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး အခြေအနေများအကြောင်း ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အမေရိကန် လွှတ်တော်အမတ် Julie Johnson တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်မယ့်ကိစ္စ မျှမျှတတ လုပ်ဖို့ တရုတ်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဝရမ်းထုတ်ဖို့ကိစ္စမှာ တရားမျှတစွာနဲ့ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံက သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

နိုင်ငံတကာဖိအားများကြောင့် မတတ်သာတော့ဘဲ မြန်မာစစ်အုပ်စု ကျားဖြန့်နှိမ်နင်း‌ရေးကို အလျင်စလို လုပ်ဆောင်ခဲ့ရ

ပြီးခဲ့တဲ့အပတ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ရဲ့ဘားအံမြို့ခရီးစဉ် နောက်တရက်မှာ စစ်တပ်အရာရှိတွေက သြဇာကြီးမားတဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တခုက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က တိုးချဲ့လာနေတဲ့ ငွေလိမ်ဂိုဏ်းတွေကို ချက်ချင်း နှိမ်နင်းဖို့ အမိန့်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။ နယ်စပ်တလျှောက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ မြန်မာနဲ့ ကမ္ဘောဒီးယားအပါအဝင် အရှေ့တောင်အာရှက ရာဇဝတ်ဂိုဏ်းကွန်ရက်တွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး လူကုန်ကူးခံရသူတွေကို အသုံးချပြီး ကမ္ဘာတဝန်းကလူတွေကို လိမ်လည်ကာ နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရရှိနေပါတယ်။
Read More

ဘုရားသုံးဆူမှာ မလွယ်ပေါက်များ ပိတ်ခံရပြီးနောက် ကုန်စည်တင်သွင်းမှုခက်ခဲနေ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူမြို့နဲ့ ထိုင်းနိုင်ငံ၊ စံခလပူရီဒေသဘက်ကို ဝင်ထွက်သွားလာလို့ရတဲ့ မလွယ်ပေါက်(နောက်ဖေးပေါက်) တွေကို ထိုင်းအစိုးရဘက်ကနေ ပိတ်ပစ်လိုက်ပြီးနောက် တနိုင်တပိုင် ကုန်သွယ်မှုတွေ ခက်ခဲလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လိမ်လည်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ စစ်ကောင်စီ၊ တရုတ်နဲ့ ထိုင်းတို့ သဘောတူညီခဲ့ကြဟု ဆို

တရုတ်နိုင်ငံ၊ ကူမင်းမှာ ဇန်နဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း တရုတ်၊ ထိုင်းနဲ့ စစ်ကောင်စီအရာရှိတို့အကြား ဆိုင်ဘာလိမ်လည်လုပ်ငန်းတွေ ပပျောက်ရေး လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံဌာန CCTV က ထုတ်ပြန်ပါတယ်။