ရှမ်းပြည်နယ်၊ ကျိုင်းတုံ – တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က မတ်လ ၁ ရက် ည ၈ နာရီ ဝန်းကျင်ခန့်မှာ ခရီးသည်တင် ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျသွားခြင်းဖြစ်တယ်လို့ ရှမ်းပြည်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မတော်တဆမှုဖြစ်ခဲ့တဲ့ ယာဉ်ဟာ တာချီလိတ် ကနေ ရန်ကုန် သွားတဲ့ GI Expess ဖြစ်ပြီး ကျိုင်းတုံ အကျော် စပယ်ရှယ်တောင်အနီးမှာ တောင်အောက်ကို ပြုတ်ကျသွားတာ ဖြစ်ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်မှာပါတဲ့ အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၈ ယောက်ထဲက အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
အခင်းဖြစ်ပွါးရာ နေရာကတော့ ကျိုင်းတုံမြို့နယ်၊ စပါယ်ရှယ်တောင်၊ လက်ပံကွေ့ ၁၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၆၆မိုင် ၆/၇ ဖာလုံ) ကြားမှာ တည်ရှိတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ် လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေသာ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တရုတ်က ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အဖြူရောင်အနုပညာရှင်အဖြစ် နာမည်ခံထားသူတွေ ကြိုဆို

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) အစည်းအဝေးပွဲတွေကနေ ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနုပညာရှင်တချို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့နယ်က တောပုပျူစောထီးရွာကို ၄ ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ၄ ရက် ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force - UHF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက အဖြေမဟုတ်ဘူးဆိုတာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ သဘောပေါက်ဖို့ လိုကြောင်း NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ အင်အားကြီးထွားလာနေတဲ့ ကျားဖြန့်လိုမျိုး လူလိမ်ဂိုဏ်း ကိစ္စတွေဟာ နိုင်ငံတွင်းသာ မဟုတ်ဘဲ ဒေသတွင်း ကိစ္စဖြစ်တာကြောင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီဟာ အဖြေမဟုတ်ဘူးဆိုတာကို သဘောပေါက်ဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။ 
Read More

ပလောင်အမျိုးသားတပ်ဦး (PNF) ဝန်ထမ်းဟောင်းများ ဂုဏ်ပြုပွဲ

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က တအာင်းပြည်တစ်နေရာမှာ ပလောင်အမျိုးသားတပ်ဦး (PNF) ဝန်ထမ်းဟောင်းတွေရဲ့ ဂုဏ်ပြုပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စလင်း- စေတုတ္ထရာလမ်းပိုင်းရှိ ၁၈မိုင်စခန်းကုန်းကို PDF ပူးပေါင်းတပ်ရင်းများ သိမ်းပိုက်ရရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်အချို့ရရှိပြီး စခန်းမီးရှို့နိုင်ခဲ့

မကွေးတိုင်း၊ စလင်း- စေတုတ္ထရာလမ်းပိုင်းကအကြမ်းဖက်စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို သိမ်းပိုက်ရရှိထားကြောင်း ပါဝင်ခဲ့တဲ့ တပ်ရင်းအချို့က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။