TNLA ထိန်းချုပ်ရာ ဒေတွေကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ ယောက် သေဆုံးပြီး ၃၆ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မတ်လ ၁ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ဒေသအများစုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံမှာ TNLA နဲ့ စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလမှာပင် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၂၀ လာရောက်ကြဲချတာကြောင့် အရပ်သား ၅ယောက်သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း နောင်ချိုမြို့ ဘူတာရပ်ကွက်နဲ့ နောင်ချိုပြည်သူ့ဆေးရုံပေါ် ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား ၃ယောက် သေဆုံးခဲ့ရပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တဆက်တည်းမှာပဲ မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကိုလည်း လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သား ၃ယောက် သေဆုံးခဲ့ရပြီး ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာပဲ နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁ယောက် သေဆုံးခဲ့သေးသလို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာလည်း ရွှေမုဠောကျေးရွာနဲ့ တောင်ရှည်ကျေးရွာကို ဗုံး ၃၂ လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူ ၁ယောက် သေဆုံးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံတွေ၊ လူနေအိမ်တွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

TNLA စိုးမိုးနယ်မြေများအတွင်း ငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် အလှူငွေကောက်ခံရရှိခဲ့…

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲမြို့နယ်တို့မှာ အင်အားပြင်း ငလျင်ဒဏ်သင့် ပြည်သူတွေ အတွက် ကော်မတီဖွဲ့စည်းပြီး အလှူခံဌာနဖွင့်လှစ်ရာ ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် ကောက်ခံရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၂)စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
Read More

ကမ္ဘာ့အခြေအနေအရပ်ရပ်က နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီးမရှိတာကို စိတ်ဓာတ်မကျဘဲ မိမိခွန်အားဖြင့် အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်ကြောင်း NUG ဝန်ကြီးချုပ် ပြော

ကမ္ဘာ့အခြေအနေအရပ်ရပ်က ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီး မရှိနေတာကို စိတ်ဓာတ်မကျဘဲ ကိုယ့်ခွန်အားနဲ့ကိုယ် တော်လှန်ရေး အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်တယ်လို့ မနေ့က ပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်၊ (၃၄/၂၀၂၅) မှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍဟာ အရေးကြီးပြီး အထူးစိုးရိမ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

အာဏာသိမ်းစစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍဟာ အင်မတန်အရေးကြီးပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးစိုးရိမ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

ရခိုင်နှင့် ကယားပြည်နယ်ဘက် လှည့်ပတ်တာဝန်ကျနေ​သည့် ပြည်သူ့စစ် ၂ ဦး မုံရွာခရိုင် တပ်ရင်း (၁) ထံ ထွက်ပြေးခိုလှုံလာ

အညာဒေသကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရခိုင်နဲ့ ကယား စစ်​မျက်နှာတွေဆီ ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်၂ယောက် တပ်ရင်းထံ ထွက်ပြေးခိုလှုံလာကြောင်း မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ရေးဗိုလ်က မောင်းကို ပြောပါတယ်။
Read More

ဆင်ဖြူကျွန်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်တာကြောင့် ပြည်သူများ ရှောင်တိမ်းကြရန် တော်လှန်ရေးတပ်များ အသိပေး

မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ ရှောင်တိမ်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း နဲ့ ဗမာ့တပ်တော် (BA) တို့က အသီးသီး ထုတ်ပြန်ထားပါတယ်။