ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးတပ်ဘက်မှာရော စစ်ကောင်စီဘက်မှာပါ တပ်သားလိုအပ်ချက် မြင့်တက်နေပြီး အာဏာရှင်ကို အမြစ်ဖြတ်ဖို့ စနစ်အသစ်၊ နိုင်ငံအသစ်နဲ့ လူထုလွတ်မြောက်ရေးအတွက် ပူးပေါင်းအင်အား လိုအပ်နေတယ်လို့ BPLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့ ဒေသအသစ်၊ တိုက်ပွဲအသစ်တွေအတွက် တပ်သားသစ်တွေ လက်ခံခေါ်ယူနေပြီး စိတ်ပါဝင်စားသူတွေ ဆက်သွယ်လျှောက်ထားနိုင်တယ်လို့ အသိပေးထားပါတယ်။
BPLA ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားပြီး ၁၀၇ စစ်ဒေသ နှင့် ၂၀၃ စစ်ဒေသဆိုပြီး စစ်ဒေသနှစ်ခု ဖွဲ့စည်းထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်းမှာတော့ အညာဒေသမှာ အခြေစိုက်ပြီး စစ်ဒေသတစ်ခုဖွဲ့စည်းကာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ယောက် ထွက်ပြေးလွတ်မြောက်ခဲ့

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး၂ယောက်လည်း ပါဝင်တယ်လို့ လွတ်မြောက်သူတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

စစ်ကိုင်းတွင် ဆက်ကြေးကောက်ရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ကန်တလူရွာအနီး ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူတွေနဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ Generation Z Power က သတင်းထုတ်ပြန်ပါတယ်။ 
Read More

နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရန်အတွက် ကြိုးပမ်းကြရန် မင်းအောင်လှိုင်က သူ၏အကြမ်းဖက်စစ်သည်များအား ညွှန်ကြား

မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း‌တွေ တိုးတက်လာဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားဖို့လိုကြောင်း မင်းအောင်လှိုင်က သူရဲ့အကြမ်းဖက်စစ်သားတွေကို  ပြောဆိုလိုက်ပါတယ်။
Read More

စစ်ဘေးရှောင်ရင်း ကုန်ဈေးနှုန်းတက်လာလို့ စားဝတ်နေရေး ပိုမိုခက်ခဲလာ

မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်ကာ စစ်ကောင်စီက မတရား အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ မြန်မာပြည်နေရာအနှံ့အပြားမှာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ဒေသခံတော်တော်များများဟာ အမြဲတစေ နေထိုင်ခဲ့တဲ့ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာကာ စစ်ဘေးကနေ ရှောင်တိမ်းနေကြရပါတယ်။
Read More

ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ ကနဲလေး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။