ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးတပ်ဘက်မှာရော စစ်ကောင်စီဘက်မှာပါ တပ်သားလိုအပ်ချက် မြင့်တက်နေပြီး အာဏာရှင်ကို အမြစ်ဖြတ်ဖို့ စနစ်အသစ်၊ နိုင်ငံအသစ်နဲ့ လူထုလွတ်မြောက်ရေးအတွက် ပူးပေါင်းအင်အား လိုအပ်နေတယ်လို့ BPLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့ ဒေသအသစ်၊ တိုက်ပွဲအသစ်တွေအတွက် တပ်သားသစ်တွေ လက်ခံခေါ်ယူနေပြီး စိတ်ပါဝင်စားသူတွေ ဆက်သွယ်လျှောက်ထားနိုင်တယ်လို့ အသိပေးထားပါတယ်။
BPLA ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားပြီး ၁၀၇ စစ်ဒေသ နှင့် ၂၀၃ စစ်ဒေသဆိုပြီး စစ်ဒေသနှစ်ခု ဖွဲ့စည်းထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်းမှာတော့ အညာဒေသမှာ အခြေစိုက်ပြီး စစ်ဒေသတစ်ခုဖွဲ့စည်းကာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

ပဲခူးတိုင်း စိုးမိုးနယ်​မြေအတွင်းရှိ လမ်းများကို ရန်ကုန်တိုင်း ပကဖ ပြုပြင်ပေးနေ

ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ကျေးရွာအချို့မှာ ကာကွယ်​ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ - ၃ က ရဲဘော်​တွေဟာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ လမ်း​တွေကို ကျေးရွာသူ၊ ကျေးရွာသား​တွေနဲ့ အတူတူပူးပေါင်းပြီး ပြန်လည်ပြုပြင် ဆောင်ရွက်နေတယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။
Read More

ထနောင်းကုန်းရွာ ပျူစောထီးအချင်းချင်း ပစ်သတ်ပြီး သေနတ်တစ်လက် ချန်ခဲ့

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာက ပျူစောထီးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက်သေဆုံးကာ လက်နက်တစ်လက်လည်း ချန်ခဲ့တယ်လို့ တောင်သာပကဖထံက သိရပါတယ်။
Read More

ရဲတပ်ဖွဲ့နေ့တွင် မြဝတီ မြို့နယ်ရဲမှူး ရုတ်တရက် သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးဟာ အောက်တိုဘာ ၁ရက်မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နောင်ချိုမြို့တွင် အင်အားထောင်ချီသည့် စစ်တပ်ထိုးစစ်ကြောင့် ​အရပ်ဖက်ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားဟု TNLA ဆို၊ မေလမှ ဇူလိုင်လလယ်အထိ နောင်ချိုတွင် ၃၁၉ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့

ပြီးခဲ့တဲ့ မေလက စလို့ ဇူလိုင်လလယ်ပိုင်းအထိ စစ်ကောင်စီတပ်က နောင်ချိုမြို့တွင်းနဲ့ နောင်ချိုမြို့အနီးရှိ ကျေးရွာတွေကို ဦးတည်ပြီး မြေပြင်မှာ အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်ခြင်းတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူ၊ ကမ္မမြို့အရှေ့ဘက်ရှိ ရှင်မကန်ပျူစောထီးစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အရှေ့ဘက်က ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းရှိရာရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်အုပ်စုဘက်ထိခိုက်မှုတွေရှိကြောင်း Cobra One တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်တပ်က အင်အားထပ်ဖြည့်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ

ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ် အာရှလမ်းတလျှောက်မှာ အကြမ်းဖက်စစ်တပ်က အင်အားတွေထက်မံဖြည့်တင်းလာနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်း မြေပြင်မတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။