ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးတပ်ဘက်မှာရော စစ်ကောင်စီဘက်မှာပါ တပ်သားလိုအပ်ချက် မြင့်တက်နေပြီး အာဏာရှင်ကို အမြစ်ဖြတ်ဖို့ စနစ်အသစ်၊ နိုင်ငံအသစ်နဲ့ လူထုလွတ်မြောက်ရေးအတွက် ပူးပေါင်းအင်အား လိုအပ်နေတယ်လို့ BPLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့ ဒေသအသစ်၊ တိုက်ပွဲအသစ်တွေအတွက် တပ်သားသစ်တွေ လက်ခံခေါ်ယူနေပြီး စိတ်ပါဝင်စားသူတွေ ဆက်သွယ်လျှောက်ထားနိုင်တယ်လို့ အသိပေးထားပါတယ်။
BPLA ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားပြီး ၁၀၇ စစ်ဒေသ နှင့် ၂၀၃ စစ်ဒေသဆိုပြီး စစ်ဒေသနှစ်ခု ဖွဲ့စည်းထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်းမှာတော့ အညာဒေသမှာ အခြေစိုက်ပြီး စစ်ဒေသတစ်ခုဖွဲ့စည်းကာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားနှစ်ဦး သေနတ်ဒဏ်ရာများနဲ့ သေဆုံး

စမွတ်စခွန်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသားနှစ်ဦးကို ရတ်ချဘူရီပြည်နယ်၊ စွမ်ဖန်ခရိုင်မှာ နိုဝင်ဘာလ ၁၄ ရက် ကြာသပတေးနေ့ အစောပိုင်းက သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြထားပါတယ်။
Read More

စစ်ရေးတင်းမာနေသည့် မတ္တရာတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းပစ်နေ၊ မတ်လ ဒုတိယပတ်အစမှာ အရပ်သား၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လ ဒုတိယပတ်အစမှာပဲ အရပ်သား၂ယောက် သေဆုံးခဲ့တယ်လို့ Voice of Mandalay ရဲ့ဖော်ပြချက်အရ သိရပါတယ်။
Read More

ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနများကို ဆောင်လုပ်ခဲ့သည့် မူလကုမ္ပဏီများ ပြန်ပြင်ရမည်ဟု စစ်ကောင်စီဆို

စစ်ကိုင်းငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရရုံးဌာနအဆောက်အဦးတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေက တာဝန်ယူရမယ်လို့ အဆောက်အဦးတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဧပြီလ ၂၉ ရက်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့နယ်မှာ စစ်အုပ်စုက Gyrocopter နဲ့ တိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးအပါ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ထဲကို စစ်ကော်မရှင်တပ်က Gyrocopter နဲ့ လေကြာင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အသက်မပြည့်သေးတဲ့ကလေး ၂ ဦးအပါ အရပ်သားပြည်သူ ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က ထိတွေ့တိုက်ပွဲမရှိပဲ ရတုံရွာနဲ့ ဘူးတောင်းကန်ရွာကြားကနေရာတွေကို Gyrocopter နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အသက် (၅) နှစ်အရွယ်ကလေးတစ်ယောက်၊ အသက် (၈) နှစ်အရွယ် ကလေးတစ်ယောက် နဲ့ အသက် (၃၀) အရွယ် အမျိုးသားတစ်ယောက် ထိမှန်သေဆုံးသွားတယ်လို့ သိရတာပါ။
Read More

ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစု တရားဝင်ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံး ပကဖ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ၂/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။