မြေပြင်မှာ သပိတ်တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သဝဏ်လွှာအတွင်း ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းရဲ့ လူငယ်အရေး၊ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအသစ်ရရှိဖို့ အခက်အခဲတွေ ကြားထဲက လုပ်ဆောင်နေမှုကို ဂုဏ်ပြုတယ်လို့ ဖော်ပြထားပါတယ်။
လူထု အာဏာဖီဆန်‌ရေး လမ်းစဥ်ကိုကိုင်ဆွဲနေတဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းအနေနဲံ (၄) နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာတိုင်တဲ့အထိ အဖွဲ့ဝင်တွေအားလုံး ဘေးကင်းလုံခြုံစွာနဲ့ လူငယ့်အရေး၊ နိုင်ငံ့အရေးတွေကို ဆက်လက်ဆောင်ရွက်ပါစေကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ဟာ ပြောက်ကျားသပိတ် လှုံ့ဆော်စာတန်းချိတ်ဆွဲမှု ၁၁၅ ကြိမ်၊ လူမှုရေး စီးပွားရေးပြစ်ဒဏ်နဲ့ ကမ်ပိန်းတွေမှာ လူထုပါဝင်ဖို့ လှုံ့ဆော်မှု ၁၆၁ ကြိမ်၊ လူငယ် ပညာ‌ရေးအတွက် အခမဲ့သင်တန်း ၇ကြိမ် ပေးခဲ့တယ်လို့ သိရပါတယ်။
မြို့ပြပြောက်ကျားသပိတ်ဆင်နွှဲမှုတွေအတွင်း ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ဝင်တချို့ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခံရမှုတွေလည်းရှိခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်၊ ဗျူဟာမှူးအပါ စစ်သုံ့ပန်းများနှင့် လက်နက်ကြီးပါ ရရှိ

ဘီးလင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း အယောက် ၂၀ ကျော် ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

နွားထိုးကြီးမြို့ပေါ် ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊  ဘုရားတံတိုင်းနှင့် အဆောက်အအုံများ ပျက်စီး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စလေမြို့တွင် ပျူစောထီးခေါင်းဆောင် ဘီယာသောက်နေစဥ် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့အဝင်က ဘီယာဆိုင်မှာ ဘီယာသောက်နေတဲ့ စလေပျူစောထီးခေါင်းဆောင် မိုးအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မကွေးခရိုင် အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံက သိရပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

အာဏာသိမ်းပြီးကတည်းက စစ်တပ်ကနေ CDM လုပ်ပြီး တော်လှန်နေတဲ့ PDF-Zoland ဒုတပ်စိတ်မှူး ဆေးဝါးမလုံလောက်မှုကြောင့် ကွယ်လွန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အခြေစိုက် PDF Zolandအဖွဲ့ရဲ့ ဒုတပ်စိတ်မှူးဟာ ဆေးဝါးမလုံလောက်မှုကြောင့် နို၀င်ဘာ ၄ ရက် မနေ့က မနက်ပိုင်းမှာ  ကွယ်လွန်သွားတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။