ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ စစ်ကောင်စီရော၊ အာရက္ခတပ်တော် (AA)ပါ အခွန်ကောက်ခံနေလို့ နှစ်ဖက်လုံးနဲ့ ထိတွေ့ဆက်ဆံနေရကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury က မတ်လ ၁ ရက်မှာ ပြောပါတယ်။
“ပထမတော့ စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် မြန်မာအစိုးရက အခွန်ကောက်တယ်။ ဒါပေမယ့် နယ်စပ်ကို အာရက္ခတပ်တော်က ချုပ်ကိုင်ထားတာကြောင့် သူတို့လည်း အခွန်ကောက်တယ်။ ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီကိစ္စကိုင်တွယ်ဖို့ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပါတယ်” လို့ သူကပြောပါတယ်။
(ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးနဲ့ ညီမျှတဲ့) အကြံပေးအရာရှိချုပ် အထူးလက်ထောက် Khalilur Rahman ကို ဒီကိစ္စအတွက် ဆက်ဆံရေးမှူးအဖြစ် ခန့်အပ်ကြောင်း သူကဆိုပါတယ်။
အစိုးရအနေနဲ့ စစ်ကောင်စီနဲ့‌ရော AA နဲ့ပါ နှစ်ဖက်စလုံးနဲ့ ဆက်သွယ်ရေးတွေ ဆက်လက်ထားရှိတယ်လို့ ပြည်ထဲရေးအကြံပေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေက AA ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အသိအမှတ်ပြု ဆောင်ရွက်နေရတဲ့အကြောင်း ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် ပဋိပက္ခကြောင့် Teknaf ကုန်းတွင်းဆိပ်ကမ်းကတဆင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်မှုဟာ လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ် ၂ခုအတွင်း သိသိသာသာကျဆင်းသွားတယ်လို့ Teknaf အကောက်ခွန်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Teknaf အကောက်ခွန်အချက်အလက်တွေအရ ၂၀၂၃ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ သွင်းကုန်တန်ဖိုးဟာ ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ မြန်မာနိုင်ငံကို ပို့ကုန်တန်ဖိုးဟာ သုံးပုံတစ်ပုံအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။
မြန်မာကနေ အဓိကအားဖြင့် ငါးခြောက်၊ ရေခဲရိုက်ငါး၊ ကွမ်းသီး၊ ကြက်သွန်နီ၊ ဂျင်း၊ အုန်းသီး၊ သစ်သားနဲ့ အခြား ကုန်ပစ္စည်းတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်သွင်းတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကနေ ဘိလပ်မြေနဲ့ အာလူးတို့ကို မြန်မာနိုင်ဆီ အဓိက တင်ပို့တာဖြစ်ပါတယ်။
ပုံစာ – ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury
0 Shares:
You May Also Like
Read More

EU က မြန်မာကို ယူရို ၃၃သန်းကျော် ထောက်ပံ့ကူညီမယ်

မြန်မာပြည်တွင်းက တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ ဒုက္ခသည်တွေကို ယူရို ၃၃ သန်းကျော် ထောက်ပံ့ပေးအပ်သွားမယ်လို့  ဥရောပသမဂ္ဂ  EU က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာ့အကြမ်းဖက်မှုအား ရှုံ့ချကြောင်း အာဆီယံ ထပ်မံထုတ်ပြန်ရန်ရှိ

အရှေ့တောင်အာရှ၊ တရုတ်၊ ရုရှားနဲ့ အမေရိကန် ထိပ်သီးသံတမန်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကနေ စစ်ဘေးသင့်မြန်မာပြည်က အရပ်သားတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း ထုတ်ပြန်ဖို့ရှိတယ်လို့ ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ချက်မူကြမ်းကို ကိုးကားပြီး AFP က ဖော်ပြထားပါတယ်။ 
Read More

“မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်”

ကမ္ဘာ့ရေးရာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းကြသူတွေကို ပေးအပ်တဲ့ နိုင်ငံတကာ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Right Livelihood Award ဆုပေးပွဲမှာ Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ဘေးသင့် မြန်မာပြည်သူတွေ ကူညီကယ်ဆယ်မှု ပြုလုပ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ဗီယက်နမ် လေကြောင်းလိုင်း Vietjet က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီဟာ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေဟု ကုလ အထူးကိုယ်စားလှယ် ဆို

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။