ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ စစ်ကောင်စီရော၊ အာရက္ခတပ်တော် (AA)ပါ အခွန်ကောက်ခံနေလို့ နှစ်ဖက်လုံးနဲ့ ထိတွေ့ဆက်ဆံနေရကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury က မတ်လ ၁ ရက်မှာ ပြောပါတယ်။
“ပထမတော့ စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် မြန်မာအစိုးရက အခွန်ကောက်တယ်။ ဒါပေမယ့် နယ်စပ်ကို အာရက္ခတပ်တော်က ချုပ်ကိုင်ထားတာကြောင့် သူတို့လည်း အခွန်ကောက်တယ်။ ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီကိစ္စကိုင်တွယ်ဖို့ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပါတယ်” လို့ သူကပြောပါတယ်။
(ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးနဲ့ ညီမျှတဲ့) အကြံပေးအရာရှိချုပ် အထူးလက်ထောက် Khalilur Rahman ကို ဒီကိစ္စအတွက် ဆက်ဆံရေးမှူးအဖြစ် ခန့်အပ်ကြောင်း သူကဆိုပါတယ်။
အစိုးရအနေနဲ့ စစ်ကောင်စီနဲ့‌ရော AA နဲ့ပါ နှစ်ဖက်စလုံးနဲ့ ဆက်သွယ်ရေးတွေ ဆက်လက်ထားရှိတယ်လို့ ပြည်ထဲရေးအကြံပေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေက AA ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အသိအမှတ်ပြု ဆောင်ရွက်နေရတဲ့အကြောင်း ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် ပဋိပက္ခကြောင့် Teknaf ကုန်းတွင်းဆိပ်ကမ်းကတဆင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်မှုဟာ လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ် ၂ခုအတွင်း သိသိသာသာကျဆင်းသွားတယ်လို့ Teknaf အကောက်ခွန်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Teknaf အကောက်ခွန်အချက်အလက်တွေအရ ၂၀၂၃ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ သွင်းကုန်တန်ဖိုးဟာ ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ မြန်မာနိုင်ငံကို ပို့ကုန်တန်ဖိုးဟာ သုံးပုံတစ်ပုံအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။
မြန်မာကနေ အဓိကအားဖြင့် ငါးခြောက်၊ ရေခဲရိုက်ငါး၊ ကွမ်းသီး၊ ကြက်သွန်နီ၊ ဂျင်း၊ အုန်းသီး၊ သစ်သားနဲ့ အခြား ကုန်ပစ္စည်းတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်သွင်းတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကနေ ဘိလပ်မြေနဲ့ အာလူးတို့ကို မြန်မာနိုင်ဆီ အဓိက တင်ပို့တာဖြစ်ပါတယ်။
ပုံစာ – ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury
0 Shares:
You May Also Like
Read More

ယူကရိန်းကို ကျုးကျော်တဲ့ ရုရှားနဲ့ မြန်မာအကြမ်းဖက် စစ်ကောင်စီတို့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် လက်မှတ်ထိုး

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ နယ်မြေတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရုရှားကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ မြန်မာဘက်က အဆင်သင့်ဖြစ်မှုကို အထူးသတိပြုမိတယ်” လို့ ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov က စိန့်ပီတာစဘတ်မြို့မှာ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးဝန်ကြီး ကန်ဇော်နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့အပြီးမှာ ပြောကြားခဲ့ပါတယ်။
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို လက်မခံဖို့ အပါအဝင် အချက် ၅ချက်ကို ကိုရီးယားလွှတ်တော်တွင် NUG တောင်းဆို

မြန်မာပြည်သူတွေဟာ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ထားကြပြီးဖြစ်တာကြောင့် အဆိုပါ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အပါအဝင် အချက် ၅ ချက်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကိုရီးယားလွှတ်တော်မှာ မနေ့က ‌တောင်းဆိုလိုက်ပါတယ်။
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။
Read More

မြန်မာနှင့် ကြားခံစစ်ပွဲမှာ ဝင်မပါဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော၊ဘင်္ဂလားဒေ့ရှ်မှတဆင့် ရခိုင်ဒေသကို လူသားချင်းစာနာမှု အကူအညီပေးမယ့်ကိစ္စအပေါ် သဘောထားကွဲလွဲမှုများ ရှိနေ

ရခိုင်ပြည်နယ်ကို အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေပေးပို့မယ့် လူသားချင်းစာနာမှုစင်္ကြံနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ကန့်ကွက်မှုတွေရှိနေတဲ့အကြား ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က မြန်မာနဲ့ ဘယ်ကြားခံစစ်ပွဲမှာမှ ဝင်မပါဘူးလို့ ပြောကြားခဲ့ပါတယ်။
Read More

ငွေလိမ်ဂိုဏ်းပြဿနာများအတွက် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြးချုပ် တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။