တိုက်ပွဲတွေနဲ့ နီးကပ်လာတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသက အထူးစီးပွါးရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် Timeline ချမှတ်ပြီး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွါးဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြန်မာဘက်နဲ့ တရုတ် CITIC ဘက်က နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမယ့်အချက်တွေ (Conditions Precedent)နဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။
ဒီစီမံကိန်းဟာ တရုတ်နိုင်ငံအတွက်လည်း မဟာဗျူဟာကျတဲ့ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်တယ်လို့ ဒေါက်တာကံဇော်က ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့တော်စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ကိုသာ ထိန်းချုပ်ထားနိုင်တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ တိုက်ပွဲတွေနဲ့ နီးကပ်လာတဲ့ ကျောက်ဖြူမှာ စီမံကိန်းကို မဖြစ်မနေအကောင်အထည်ဖော်မယ်လို့ တရုတ်နိုင်ငံကို ကတိပြုပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့နယ်က စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းအနီး အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစတင်ကာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေပါတယ်။
အာရက္ခတပ်တော် AA ဟာ မကွေး၊ ပဲခူး၊ ဧရာဝတီတို့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေသလို ရခိုင်ပြည်အတွင်း ကျန်ရှိနေတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့ကို ထိုးစစ်အရှိန် မြှင့်တင်ပြီး တိုက်ပွဲကြီးတွေ ဖော်ဆောင်လာနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
0 Shares:
You May Also Like
Read More

အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပသွားရောက်မှုကို စစ်ကောင်စီ ပိုမိုတင်းကြပ်နေ

အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပသွားရောက်အလုပ်လုပ်သူတွေကို လုံး၀ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ PV ပက်(စ်)ပို့ ကိုင်ဆောင်သူတွေကို အလုပ်အကိုင်နဲ့ ပြည်ပထွက်ခွင့်ပြုမှုကို…
Read More

ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စု၏ အရှိန်မြှင့်လာသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ အရှိန်မြှင့်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၃ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Read More

ဇေယျဝတီဘူတာရုံ အပါအဝင် ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပကဖတပ်ဖွဲ့ဝင်များ  ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က ဇေယျဝတီမြို့ဘူတာရုံအပါအဝင် စစ်ကောင်စီတပ်တွေရှိနေတဲ့  မြို့ပေါ်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း  ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူအခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ဒေါနတပ်ရင်း၊ တပ်ခွဲ ၆ - ဝေဟင်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျွန်းစုမှာ အရပ်သားတွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု ရှိနေပြီး အဲဒီအဖွဲ့အကြောင်း မြို့နယ် ပကဖ စုံစမ်းနေ

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက PDF တွေအပေါ် ပြည်သူတွေအထင်အမြင်လွဲမှားစေနိုင်တဲ့ ကိစ္စတွေလုပ်ဆောင်နေကြောင်းနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေမရှိကြောင်း ကျွန်းစုမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

CDF-Asho ၏ အခြေခံစစ်ပညာသင်တန်းအတွင်း သင်တန်းသား ရဲဘော် ၁ ဦး ကျဆုံး

ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ရဲ့ အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသားရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။