ကျားဖြန့်ငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဟုဆိုကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း အပါအဝင် အရာရှိ ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ တန့်ယန်းမြို့မှာ အခြေစိုက် ရမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်ကျော်ထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး၊ မိုင်းရယ် စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မော်အောင်နဲ့ တန့်ယန်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းတင် တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“အဖမ်းခံရတာက သေချာသလောက်ကို ရှိပါတယ်။ ဘာလို့ဆိုတော့ ရမခ တိုင်းမှူးအသစ်လည်း ပြန်ပြီးတော့ ခန့်သွားပြီ။” လို့ CDM ဗိုလ်ကြီးဇင်ယော်က တပ်တွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး မောင်းကို ပြောပြပါတယ်။
လက်ရှိမှာ အသစ်ပြန်ခန့်ထားတဲ့ ရမခ တိုင်းမှူးအသစ်ဟာ ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် (တနတ) က ကျောင်းအုပ်ဖြစ်သူ ဗိုလ်မှူးချုပ် အေးမင်းဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဗိုလ်ချုပ်မြင့်ကျော်ထွန်းဟာ စစ်ကောင်စီရဲ့ ခန့်အပ်မှုကြောင့်ပင် ရမခတိုင်မှူးအဖြစ် တာဝန်ထမ်းဆောင်နေတာဟာ ၇ လဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ် မြင့်ကျော်ထွန်း မတိုင်ခင် တိုင်းမှူးအဟောင်းဖြစ်သူ ဗိုလ်ချုပ်စိုးတင့်ကလည်း ညီနှောင်မဟာမိတ် ပူးပေါင်းတပ်တွေထံမှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးလိုက်ရတာကြောင့် ဗိုလ်ချုပ် မြင့်ကျော်ထွန်းက ရမခတိုင်းမှူးအဆင့်ကို ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဗိုလ်ကြီးဇင်ယော်ကပဲ ဆက်လက်ပြီး “အခု ဖမ်းခံရတဲ့ ၄ယောက်က ဆက်ဖော်ရင်တော့ ရှမ်းလေးရှမ်းလို့ ပြောရမှာပေါ့နော်။ ရှမ်းပြည်တစ်ပြည်လုံးကတော့ အလံတိုင်ပဲ ကျန်လိမ့်မယ်။ ဘယ်သူမှ မကင်းလောက်ဘူး။ ဒီတော့ သူတို့တွေကိုတော့ နှုတ်ပိတ်မှာပါပဲ။ ဒီ ၄ ယောက်ကလည်း ဆက်ဖော်မှာပဲ။ ပြီးရင်တော့ ဇာတ်လမ်းပေါ့နော် အရေးယူပြီးသွားပြီဆိုပြီးတော့ လုပ်ပစ်လိုက်တော့မှာပေါ့နော်။ ဇာတ်လမ်းဖျောက်မယ့် အကွက်ကိုပဲ လုပ်မှာပါ” လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီက ဖမ်းဆီးမှုဟာ တရုတ်အစိုးရရဲ့ စေခိုင်းမှုကြောင့် နာမည်အတိုင်းကို ဖမ်းတာ ဖြစ်တယ်လို့လည်း တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရကြောင်း ဆိုပါတယ်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဟာ အရင်က လားရှိုးမြို့မှာ အခြေစိုက်တည်ရှိခဲ့ပေမယ့် ကိုးကန့်တပ်မတော် (MNDAA) ဦးဆောင်တဲ့ ညီနှောင်မဟာမိတ် ပူးပေါင်းတပ်တွေ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ အလုံးစုံ သိမ်းပိုက်ခဲ့တာကြောင့် မိုင်းရယ်မြို့ကို ယာယီတိုင်းစစ်ဌာနချုပ်အဖြစ် ပြောင်းရွှေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
ပုံစာ – ရမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်ကျော်ထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး။
0 Shares:
You May Also Like
Read More

ထားဝယ်ခရိုင် မြို့နယ် ၄ ခုရှိ ကျေးရွာများကို စစ်အုပ်စု အကြောင်းမဲ့ ဆက်တိုက်ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံးပြီး ကလေးငယ်များအပါ ၅ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ်တွေအပါ ထိခိုက်ဒဏ်ရာရသူ ၅ ယောက် ရှိခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ (DDMSC) က ထုတ်ပြန်ပါတယ်။
Read More

ထီးထဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့လည်း ပါဝင်ခဲ့ဟု အသိပေး

ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီရဲ့ ထီးထဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့၏ မြေပြင်သပိတ်များ ဘေးကင်းစေကြောင်း NUG သဝဏ်လွှာပေးပို့

မြေပြင်မှာ သပိတ်တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ထီးလင်းမြို့နယ်မှာ လူထုအသိပညာပေး လူ့အခွင့်အရေးဟောပြောပွဲ ပြုလုပ်…

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ကျေးရွာတစ်ခုမှာ ပြီးခဲ့တဲ့ ဩဂုတ်လက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို ထွက်ပြေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အို ၃ ဦး အအေးမိ သေဆုံး

မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေမှုကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ရှောင်တွေထဲက သက်ကြီးရွယ်အို ၃ ယောက် ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။