ရှမ်းပြည်နယ်၊ ကျိုင်းတုံ – တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က မတ်လ ၁ ရက် ည ၈ နာရီ ဝန်းကျင်ခန့်မှာ ခရီးသည်တင် ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျသွားခြင်းဖြစ်တယ်လို့ ရှမ်းပြည်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မတော်တဆမှုဖြစ်ခဲ့တဲ့ ယာဉ်ဟာ တာချီလိတ် ကနေ ရန်ကုန် သွားတဲ့ GI Expess ဖြစ်ပြီး ကျိုင်းတုံ အကျော် စပယ်ရှယ်တောင်အနီးမှာ တောင်အောက်ကို ပြုတ်ကျသွားတာ ဖြစ်ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်မှာပါတဲ့ အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၈ ယောက်ထဲက အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
အခင်းဖြစ်ပွါးရာ နေရာကတော့ ကျိုင်းတုံမြို့နယ်၊ စပါယ်ရှယ်တောင်၊ လက်ပံကွေ့ ၁၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၆၆မိုင် ၆/၇ ဖာလုံ) ကြားမှာ တည်ရှိတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းအခြေစိုက် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

Federal Wings စမ်းသပ်ထုတ်လုပ်ခဲ့သည့် Jammer များ စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့

Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ Jammer တွေကို စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရဟတ်ယာဉ်နဲ့ စစ်လေယာဉ် ၁၉ စီးကို တော်လှန်ရေး အဖွဲ့တွေက ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့

အကြမ်းဖက် စစ်တပ်ရဲ့ စစ်လေယာဉ်နဲ့ ရဟတ်ယာဉ် စုစုပေါင်း ၁၉ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိခိုက်ပျက်စီးအောင် ပျက်ကျအောင်တိုက်ခိုက်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း စစ်ရေးသတင်းတွေကို သုံးသပ်ဖော်ပြနေတဲ့ PDF Insight က ဖော်ပြလာပါတယ်။
Read More

ထီးလင်းမှာ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့  ဗျူဟာ အမှတ် - ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံမှာ စစ်တပ်နဲ့ MBT ၃ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၁၅ ယောက်ထက်မနည်း သေ၊ အထိနာတဲ့ စစ်တပ်က လေကြောင်းကနေ ဗုံးသီးအလုံး ၁၀၀ကျော် ကြဲချပြီး ရွာ​​​တွေကို စစ်ကြောင်းဝင် မီးရှို့လူသတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၃ရက်ဆက်ဖြစ်ပြီး စစ်ကောင်စီဘက်က  ၁၅ယောက်ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရခဲ့သလို ဒရုန်းတွေကိုလည်း ပစ်ချသိမ်းဆည်းနိုင်ခဲ့တယ်လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။