ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ စစ်ကောင်စီရော၊ အာရက္ခတပ်တော် (AA)ပါ အခွန်ကောက်ခံနေလို့ နှစ်ဖက်လုံးနဲ့ ထိတွေ့ဆက်ဆံနေရကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury က မတ်လ ၁ ရက်မှာ ပြောပါတယ်။
“ပထမတော့ စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် မြန်မာအစိုးရက အခွန်ကောက်တယ်။ ဒါပေမယ့် နယ်စပ်ကို အာရက္ခတပ်တော်က ချုပ်ကိုင်ထားတာကြောင့် သူတို့လည်း အခွန်ကောက်တယ်။ ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီကိစ္စကိုင်တွယ်ဖို့ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပါတယ်” လို့ သူကပြောပါတယ်။
(ဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးနဲ့ ညီမျှတဲ့) အကြံပေးအရာရှိချုပ် အထူးလက်ထောက် Khalilur Rahman ကို ဒီကိစ္စအတွက် ဆက်ဆံရေးမှူးအဖြစ် ခန့်အပ်ကြောင်း သူကဆိုပါတယ်။
အစိုးရအနေနဲ့ စစ်ကောင်စီနဲ့‌ရော AA နဲ့ပါ နှစ်ဖက်စလုံးနဲ့ ဆက်သွယ်ရေးတွေ ဆက်လက်ထားရှိတယ်လို့ ပြည်ထဲရေးအကြံပေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေက AA ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အသိအမှတ်ပြု ဆောင်ရွက်နေရတဲ့အကြောင်း ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် ပဋိပက္ခကြောင့် Teknaf ကုန်းတွင်းဆိပ်ကမ်းကတဆင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်မှုဟာ လွန်ခဲ့တဲ့ ဘဏ္ဍာရေးနှစ် ၂ခုအတွင်း သိသိသာသာကျဆင်းသွားတယ်လို့ Teknaf အကောက်ခွန်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Teknaf အကောက်ခွန်အချက်အလက်တွေအရ ၂၀၂၃ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ သွင်းကုန်တန်ဖိုးဟာ ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ မြန်မာနိုင်ငံကို ပို့ကုန်တန်ဖိုးဟာ သုံးပုံတစ်ပုံအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။
မြန်မာကနေ အဓိကအားဖြင့် ငါးခြောက်၊ ရေခဲရိုက်ငါး၊ ကွမ်းသီး၊ ကြက်သွန်နီ၊ ဂျင်း၊ အုန်းသီး၊ သစ်သားနဲ့ အခြား ကုန်ပစ္စည်းတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်သွင်းတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကနေ ဘိလပ်မြေနဲ့ အာလူးတို့ကို မြန်မာနိုင်ဆီ အဓိက တင်ပို့တာဖြစ်ပါတယ်။
ပုံစာ – ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury
0 Shares:
You May Also Like
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။ 
Read More

MNDAA နဲ့ မြန်မာစစ်တပ် အပစ်ရပ်သဘောတူညီမှုစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးကြောင်း တရုတ်နိုင်ငံခြားရေး ပြော

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ဟာ စနေနေ့က စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
Read More

အမျိုးသမီး ၁၀.၄ သန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

မြန်မာနိုင်ငံမှာ  လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေသူ သန်း (၂၀) ခန့်ရှိပြီး အဆိုပါ လူဦးရေထဲက  ၁၀.၄ သန်းဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်ကာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို ခံစားနေရတယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝါရှင်တန်ဒီစီမြို့ရှိ အောက်လွှတ်တော်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲအား CRPH ဥက္ကဋ္ဌ တက်ရောက်

ဒီဇင်ဘာလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ အောက်လွှတ်တော်မှာ မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီပွဲကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ရန် မလေးရှားနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဲဖို့စ်ဝမ်းလေယာဥ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပြီး သမ္မတထရမ့်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။