ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေ ၆၀သား လုယက်ယူဆောင်သွားကြောင်း သိရပါတယ်။
မတ်လ ၂ရက်၊ ဒီနေ့ည ၇နာရီလောက်မှာ Lotus ကြီးခေါ် စျေးဝယ်စင်တာအတွင်း Delivery ဝတ်စုံဝတ်ထားတဲ့ အမျိုးသား၁ယောက်က သြရွာဇာရွှေဆိုင်ကို သေနတ်ပစ်ဖောက်ရင်း ဓားပြတိုက်သွားတာလို့ မျက်မြင်တွေ့သူ ၁ယောက်ကပြောပါတယ်။
ဓားပြမှုဖြစ်ပွားပြီးတဲ့နောက်မှာ သက်ဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက Lotus ​စျေးဝယ်စင်တာကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ပိတ်မိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
“တိုက်တဲ့သူက ဒလီပို့တဲ့ Grab ဝတ်စုံနဲ့လည်း ပြောတယ်။ Lyman ဝတ်စုံနဲ့လို့လည်း ပြောတယ်။ မြန်မာမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းတယ်။ ဒီအတိုင်းတောင် အစစ်ဆေးက ကြမ်းနေတာ” လို့ မဲဆောက်မြို့နေ မြန်မာ၁ယောက်က မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ရက် မနက်ပိုင်းကလည်း မဲဆောက်မြို့၊ ထုံထောင်းရပ်ကွက်အတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးဗုံးသီးဟောင်းတစ်လုံးကို ရပ်ကွက်နေပြည်သူတွေက တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် မဲဆောက်အနီးက ကျေးရွာတွေမှာလည်း မြန်မာလူမျိုးတွေ ည၉နာရီနောက်ပိုင်း အပြင်မထွက်ရအမိန့် အပါအဝင် လောင်းကစားမလုပ်ဖို့၊ ကွမ်းတံတွေးမထွေးဖို့၊ စည်းကမ်းမဲ့ အမှိုက်မပစ်ဖို့ စတဲ့ ငွေဒဏ်ပေးဆောင်ရနိုင်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားကြောင်းသိရပါတယ်။
လက်ရှိအခြေအနေအရ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ အထောက်အထားမရှိသူတွေ ဖမ်းဆီးခံရမှု မြင့်တက်နေချိန်ဖြစ်တာကြောင့် မဲဆောက်မြို့ကိုရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစလို့ သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အ​ထောက်ထားမဲ့ နိုင်ငံခြားသားနဲ့ မြန်မာလူမျိုး ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။
ပုံစာ – ဓားပြတိုက်ခံရသည့် ရွှေဆိုင်ကို ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပုံနှင့် CCTV မှတ်တမ်းအရ ဓားပြမှုကျူးလွန်သူကို တွေ့ရစဥ်
ဓာတ်ပုံ – မဲဆောက်မြို့နေပြည်သူတစ်ဦး
0 Shares:
You May Also Like
Read More

ဖမ်းဆီးခံ သတင်းသမားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး UK In Myanmar တောင်းဆို… ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မရှိဆုံးစာရင်းမှာ မြန်မာ ပါဝင်ဆဲဖြစ်..

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မေလ ၃ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်တောင်းဆိုလိုကိပါတယ်။
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ ဘန်ကောက်မှာ လူထောင်ချီ ဆန္ဒပြ

ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ချင်းရိုင်ခရိုင်မှာ ရေကြီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးနေတဲ့ ထိုင်းဝန်ကြီးချုပ်ကတော့ “ဒါက သူတို့ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ဖြစ်တယ်၊ ဒီအပေါ် ကျွန်မအနေနဲ့ တုံ့ပြန်ဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောဆိုပြီး ဆန္ဒပြသူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးပြောဆိုဖို့ လမ်းဖွင့်ထားကြောင်း သူမက ဆက်ပြောပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာဘက်ပို့မည့် Starlink ၂၁ လုံး သယ်ဆောင်လာသူ မြန်မာတစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

စစ်အုပ်စု၏မဟာမိတ် လူ့အခွင့်အရေးကော်မရှင်ကို ဖယ်ရှားပေးရန် နိုင်ငံတကာသမဂ္ဂများ ပူးပေါင်းတောင်းဆို

စစ်ကောင်စီရဲ့ မဟာမိတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ကနေ ချက်ချင်းဖယ်ရှားပေးဖို့ နိုင်ငံတကာသမဂ္ဂအဖွဲ့တွေက ပူးတွဲတောင်းဆိုလိုက်ပါတယ်။