မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ သတိပေးချက်အတိုင်းလက်နက်ချအညံ့မခံတဲ့ ​ပျူစောထီးတွေကို သွားရောက်တိုက်ခိုက်ရာ ၃ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People’s Defence Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဖေဖော်ဝါရီလ ၂၇ရက်၊ မနက်အစောပိုင်း​က ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးရွာအတွင်းရှိနေတဲ့ အကြမ်းဖက်ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက လက်နက်ချအညံ့ခံဖို့ ​ဖြောင်းဖျရာ လက်မခံတာကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တာလို့သိရပါတယ်။
“ရေပုတ်ကြီးက ပျူရွာလို့လည်း ပြောမရ၊ အရပ်သားရွာလို့လည်းပြောမရ ရောနေတာပေါ့။ အဲ့ဒါကြောင့် နယ်ခံတွေနဲ့ ဖုန်းအရင်ဆက်ပြီး စကားပြောကြပါသေးတယ်။ နယ်ခံ PDF တွေက အဲ့ရွာမှာရှိတဲ့ ပျူလိုလို အုပ်ချူပ်ရေးမှူးလိုလိုကောင်တွေကို ဆက်ပြီးပြောတာပေါ့။ အဲ့မှာစကားပြောတာအဆင်မပြေတော့ ဝင်စီးသလိုမျိုးဖြစ်သွားတာပါ။” လို့ Earthquake People’s Defence Force တာဝန်ရှိသူကမောင်းကိုပြောပါတယ်။
တိုက်ပွဲအတွင်း ပျူစောထီး ၃ယောက်သေဆုံးပြီး ကျန် ၃ယောက်မှာ အပြင်းအထန်ဒဏ်ရာရရှိကာ ကာဘိုင်သေနတ် ၁လက်၊ ကျည် ၁၄၉တောင့် ၊ ကျည်ဘောက် ၂ဘောက်၊ G3 ကျည် ၁၁တောင့်၊ ကျည်ဘောက်စပရိန် ၁ခု၊ ဓားမြှောင် ၁ ချောင်း၊ ဖုန်း၅လုံးနဲ့ Power Bank ၂လုံးသိမ်းဆည်းရရှိခဲ့တယ်လို့လည်း Earthquake People’s Defence Force ကထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ Earthquake People’s Defence Force နဲ့အတူ မင်းဘူးခရိုင် အမှတ် (၄)တပ်ရင်း၊ ပေါက်၊ မြိုင် စုဖွဲ့မှု ပကဖ ၊ Young Force ( PKU) ၊ Joker ပြောက်ကျားတပ်ဖွဲ့တို့ ပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်။
ပျူစောထီးတွေကို တိုက်ခိုက်နေစဥ် စစ်ကောင်စီက တော်လှန်ရေးတပ်တွေရှိရာကို Mi35 ရဟတ်ယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်လုပ်ဆောင်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွါးတဲ့ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးရွာနဲ့ ၃မိုင်အကွာမှာလည်း ကျောင်းကုန်းကြီး ပျူစောထီးရွာ တည်ရှိတယ်လို့ သိရပါတယ်။
ပုံစာ – Earthquake People’s Defence Force တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ဝန်းသို နမ်းခမ်းရွာကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၃၀ ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ်စခန်း စွန့်ခွာထွက်ပြေး

ကရင်နီဒေသ၊ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ “ထူးချောင်းစခန်းကုန်း”ကနေ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့ပေါ်မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ယောက်ကို နွေးထွေးစွာ ကြိုဆိုရင်း ဆုကြေးငွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ Myingyan Twenty one Guerilla Force - MTGF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မုဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမတ ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရဟု ဆို

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ - ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများကို ဘင်္ဂလားဒေ့ရှ်ထံ AA က ပြန်လည်လွှဲပြောင်း

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲ ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ အာရက္ခတပ်တော် AA က မနေ့က နိုဝင်ဘာ ၂၀ မှာ ထုတ်ပြန်ပါတယ်။
Read More

လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားတဲ့ မူဆယ်-မိုင်းယု (၁၀၅) မိုင် လမ်းကို စစ်ကောင်စီ ငွေကြေးတောင်းခံပြီး ဖြတ်သန်းခွင့်ပြုနေ

မူဆယ် - မိုင်းယု (၁၀၅) မိုင်လမ်းကို စစ်ကောင်စီက ငွေကြေးကောက်ခံပြီး စတင်ဖြတ်သန်းခွင့်ပြုနေတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ပါတယ်။