ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနဲ့ ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းတို့နဲ့ အကြိမ်ရေ ၈၀ထက်မနည်း ပစ်ခတ်မှုကြောင့် ထိခိုက်သေကြေ ပျက်စီးဆုံးရှံးခဲ့မှု အခြေအနေတွေကို မနေ့က မတ်လ (၁) ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။
စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ PNA တပ်တွေရဲ့ ပစ်ခတ်မှု‌တွေကြောင့် အရပ်သား ၅ယောက် သေဆုံးမှုနဲ့အတူ ၉ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်ထိခိုက်ပျက်စီးမှုနဲ့ မီးလောင်ဗုံးကြောင့် နေအိမ်မီးလောင်ကျွမ်းမှုတွေလည်း ရှိခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ အသက် (၁၀)နှစ်အရွယ် ကလေးငယ်ပါဝင်ပြီး ထိခိုက်ပျက်စီးတဲ့ အဆောက်အအုံတွေထဲမှာ စာသင်ကျောင်း ၁ ကျောင်းနဲ့ လူနေအိမ် ၂၄လုံး ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေမှာ လက်နက်ကြီး အသုံးပြုမှု ၆၁ ကြိမ်၊ ဒရုန်းနဲ့တိုက်ခိုက်မှု အကြိမ် ၂၀၊ လေယာဉ် ဗုံးကြဲမှု ၅ကြိမ်နဲ့ မီးလောင်ဗုံးအသုံးပြုမှု ၁ကြိမ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ပင်လောင်းနဲ့ ညောင်ရွှေဘက်မှာ အာဏာသိမ်းစစ်တပ်က အခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးမှု၊ စစ်အင်အားဖြည့်မှုတွေလည်း အမြောက်အမြားပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အထူးသဖြင့် စစ်ကောင်စီက သူတို့ လက်လွှတ်လိုက်ရတဲ့ ရှမ်းတောင်နဲ့ ကရင်နီနယ်စပ်က မြို့တချို့ကို ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ချီဗွေစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများစွာ စစ်ကောင်စီထံက ရရှိ

KIA က ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ချီဗွေစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီထံကနေလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။
Read More

ရေဦးမှာ ပြည်သူပိုင်နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်နက်ရရှိရေး ဘဏ်တွေ ငွေလွှဲပေးထားတဲ့ အထောက်အထားမတွေ့ဘူး ဟု ထိုင်းငြင်းဆို

ထိုင်းဘဏ်တချို့ဟာ စစ်ကောင်စီလက်နက်ရရှိရေးအတွက် ငွေကြေးလွှဲပြောင်းမှု အကူအညီတွေ ပေးနေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစီရင်ခံစာကို အထောက်အပံ့ဖြစ်စေမယ့် အထောက်အထား တစုံတရာ မတွေ့ရှိသေးကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အေဂျင်စီတို့က ဒီဇင်ဘာ ၃၀ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

CDM အမျိုးသမီး ဆရာဝန်တစ်ဦးကို မင်းကင်း ပလဖ အင်အားသုံး လက်ထိပ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မြိုင်မြို့နယ်၊ ကန်နီရွာက ပျူစောထီး ၃ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ… ကန်နီရွာ ပျူခေါင်းဆောင်က မိန်းမပျိုများကို လက်နက်ဖြင့် ခြိမ်းခြောက်သားမယားပြုကျင့်နေဟု ဆို….

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ပျူစောထီး ၃ ယောက် မိသားစုနဲ့အတူ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးမှာ စစ်တပ်သတင်းပေးနဲ့ ပျူစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်သတင်းပေးလုပ်နေသူ ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။