ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) ကနေ ထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တိုက်ပွဲမှာ အပြင်းထန်ဆုံးအခြေအနေကို ရောက်ရှိနေပြီး စစ်တပ်ဘက်မှာ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
AA တပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်ဖြစ်တဲ့ ပန်းတောင်းမြို့နယ်က စစ်ကောင်စီစခန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
“ညောင်ကျိုးစခန်းကတော့ အပြင်းအထန်ပါပဲ။ စခန်းကျသွားတဲ့ ပုံစံတော့ မရှိသေးဘူး။ အပြင်းထန်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ကျလည်း ကျခါနီးနေပါပြီ” လို့ CDM ဗိုလ်ကြီးဇင်ယော်က တိုက်ပွဲနဲ့ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ညောင်ကျိုးတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ထိသွားတာကတော့ လက်နက်ကြီးလား၊ လက်နက်ငယ်လား အသေအချာတော့ မသိရဘူးပေါ့နော် ချက်ချင်း on the spot ကို သေဆုံးသွားတာပါ။” လို့ ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
အဆိုပါ ဗိုလ်မှူးသန့်ဇော်ဟိန်း (အသက် -၃၆ နစ်) ဆိုသူမှာ စစ်တက္ကသိုလ်အပတ်စဥ် ၅၀ ကျောင်းဆင်းဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်တွေက စစ်ကောင်စီတပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူဖြစ်တာကြောင့် သေဆုံးအလောင်းကို ငွေကြေးအမြောက်အမြားပေးကာ နေပြည်တော်ကို သယ်ဆောင်လာခဲ့ပြီး နာရေးအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ညောင်ကျိုးစခန်းဟာ စစ်ကောင်စီရဲ့ အသက်သွေးကြောတစ်ခုဖြစ်တဲ့ ကပစ ၆ (သံချက်စက်ရုံ) နဲ့ ၁၀ မိုင်သာ ဝေးကွာတဲ့ နေရာမှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။
ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြီး “ညောင်ကျိုးကျသွားပြီးရင် ညောင်ခြေထောက်ပေါ့နော်၊ ဆိုတော့ ဒီကပစ စက်ရုံတွေကို တိုက်နိုင်ဖို့အတွက် ကြားခံစစ် နေရာတွေကို ဒါတိုက်နေတဲ့ အနေအထားပါ။ ညောင်ကျိုး ကျပြီဆိုတာနဲ့ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကပစ စက်ရုံတွေကို ထိပ်တိုက် ပထမဦးဆုံး စီးနင်းတိုက်ခိုက်မယ့် တိုက်ပွဲတွေကို မကြာခင်မြင်ရတော့မှာ” လို့ယူဆကြောင်း ပြောပြပါတယ်။
0 Shares:
You May Also Like
Read More

ကလေးဝမြို့နယ်၊ ဆင်အိုင်မရွာမှ ပျူစောထီးအဖွဲ့ဝင် (၁) ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် (၁) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထောင်ချထားသည့် ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ (ခ) ဦးဇာနည်အောင် ထောင်တွင်း ရရှိသည့် ရောဂါများဖြင့် ပျံလွန်… ၂၀၂၅ ခုနှစ်အတွင်း ကျန်းမာရေးအခြေအနေကြောင့် သေဆုံးရသည့် နိုင်ကျဥ်း ၁၇ ဦးအထိရှိလာ…

" သူတို့(စကစ)ကတော့ သူတို့အာဏာတည်မြဲရေးအတွက် ဆန့်ကျင်တဲ့ဘယ်လို ရဟန်းရှင်လူပြည်သူတွေမဆို အခုလို ဖမ်းဆီးခြင်း၊ ဖိနှိပ်ချုပ်ခြယ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ထောင်ထဲမှာရောက်သွားရင်လည်း ဆေးကုသခွင့်ကောင်းကောင်းမပေးတာတွေလုပ်တယ်။ ဒါတွေက ရှေ့မှာရောအခုရော နောက်လည်းပဲဆက်ရှိနေဦးမှာပါပဲ။ ဒါကြောင့်မို့ NUG အစိုးရအပါဝင် လူအား၊ မူအားဖြင့်ဖြစ်စေ ပြုပြင်ပြောင်းလဲသင့်သူတွေ ပြောင်းလဲပြီး မဟာမိတ်တွေနဲ့စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့လက်တွဲပြီး စစ်အနိုင်တိုက်ရေးကို ဦးတည်ဆောင်ရွက်ကြပါ"လို့ ဦးဓမ္မမေတ္တာ (သံဃသမဂ္ဂ-မန္တလေး)က မောင်းကိုမိန့်ပါတယ်။
Read More

လားရှိုးက တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့ပေါ်က သမိုင်းဝင် ကွမ်ရင် တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တချို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုခဲ့ကြောင်း လားရှိုးမြို့ဒေသခံတွေထံက သိရပါတယ်။
Read More

မြဝတီ-ဝေါ်လေ ကားလမ်းက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို ထပ်ပြီးသိမ်းပိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပခုက္ကူမှာ အုပ်ချုပ်ရေးမှူး ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ အုပ်ချုပ်ရေးမှူးရဲ့သား အပါအဝင် ပျူစောထီး ၃ ဦး ပွဲချင်းပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်ပျူစောထီးဂိတ်ကို ဝင်ရောက်တိုက်ခိုက််််််မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ အပါအဝင် ပျူစောထီး ၃ ယောက် နေရာတင် သေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဝမ်းတွင်းမြို့အနီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။