ရှမ်းနဲ့ ကရင်နီအစပ် ဆီဆိုင်မြို့က ရွှေတဂူစခန်းကုန်းသိမ်းပွဲအပါအဝင် ၂ လတာအတွင်းလုပ်ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ ​ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် အယောက် ၄၀ ကျော် ထိခိုက်သေဆုံးပြီး လက်နက်အလက် ၃၀ ကျော်နဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေအတွင်း ရှမ်းနဲ့ ကရင်နီအစပ်က ဖယ်ခုံ ၊ မိုးဗြဲ၊ ဖယ်ခုံ-ညော​င်ရွှေနယ်စပ်၊ ဆီဆိုင်စတဲ့ နယ်စပ်ဒေသတွေမှာ စခန်းသိမ်းတိုက်ပွဲ (၁)ကြိမ် နဲ့ ဒေသတွင်းထိတွေ့မှု (၁၈)ကြိမ်၊ ဒရုန်းစစ်ဆင်ရေး (၁၀၄)ကြိမ်တို့ကို ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းနဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေ အတူလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက မိုးဗြဲ၊ လွယ်လုံ၊ ရွှေတဂူ၊ ရေပူ၊ ရေဖြူ စတဲ့ ရှမ်းတောင်နဲ့ ကရင်နီဒေသတွေမှာ ထိုးစစ်ဆင်နေခဲ့တာကြောင့် ထိတွေ့တိုက်ပွဲတွေရှိခဲ့တာလို့လည်း သိရပါတယ်။
အဲ့ဒီ​တိုက်ပွဲတွေထဲမှာ ဆီိဆိုင်မြို့နယ်က ရွှေတဂူစခန်းသိမ်းတိုက်ပွဲမှာတော့ ၁၀၀၆တပ်ရင်းနဲ့ မဟာမိတ်တပ်ရင်းတွေက လက်နက် (၃၀)ကျော် သိမ်းဆည်းရရှိခဲ့ပြီး စစ်​ကောင်စီနဲ့ PNO ပြည်သူ့စစ် ၂၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” ကျွန်တော်တို့က စခန်းသိမ်းတိုက်ပွဲတွေတိုင်းကိုအားရပါတယ်။ တော်လှန်ရေးမဟာမိတ်တွေကစည်းလုံးကြလို့ ခက်ခဲတဲ့လိုအပ်ချက်တွေကို ကျော်လွှားနိုင်ခဲ့ပါတယ် အတွေအကြုံ ၄နှစ်တာကာလမှာလဲ အများကြီးပြုပြင် ပြင်ဆင်နိုင်ခဲ့ကြပါပြီး လိုအပ်ချက်ဆိုလို့ အမြဲတမ်းဖြည်းတင်းနေရတဲ့လက်နက်ခဲယမ်းတွေပါပဲ” လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
သူကပဲ ဆက်ပြီးတော့ ” ပြန်လည်ဖြည့်တင်းနိုင်ဖိူ့ကြိုးစားရတာပေါ့ ငွေကြေးတန်ဖိုးကများတော့ အချိန်ယူရပါတယ်။ ကရင်နီတံခါး လုံခြုံဖို့က ကျွန်တော်တို့အပေါ်မှာအများကြီး မူတည်မှုပါတယ်။ ကျွန်တော်တို့အားနည်းရင် ရန်သူကအားသာလိမ့်မယ်။ ဒီလိုတော့အဖြစ်မခံပါဘူး။ ကျွန်တော်တို့မှာပြည်သူတွေရှိပါတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် မိုးဗြဲ ခမရ ၄၂၂ ကိုလည်း ဒရုန်းစစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်ကြောင်းရဲ့ စစ်ကြောင်းမှူးအပါအဝင် တပ်သား ၅ ယောက် သေဆုံးခဲ့ပါသေးတယ်။
၂ လတာအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကြောင့်လည်း အရပ်သား ၂၀ ကျော် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းကို လက်နက် ၆ လက်နဲ့ စစ်ကောင်စီတပ်သား ၈ ယောက်အလင်းဝင်လာသလို စစ်မြေပြင်ကနေလည်း PNO ပြည်သူ့စစ်သုံ့ပန်း ၆ ယောက်ကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးစားရာမှာ လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်တာ၊ စိတ်ကျန်းမာရေးချို့တဲ့သူတွေနဲ့ အသက်မပြည့်သေးသူတွေအပြင် အရပ်သားတွေကိုပါ မတရားစစ်မှုထမ်းခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA (9425) တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် KPLA- 9425 တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် မနေ့က ဒီမောဆိုးမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး မီးရှို့နေ၊ ရွာလုံးကျွတ် တိမ်းရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်က နှမ်းဆီကန် ကျေးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး ၂၀၂၅ မှစ၍ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်သွားမည်

မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မွန်ပြည်နယ်တဝိုက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံမှ အကြောင်းပြချက်မျိုးစုံဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ လုပ်ဆောင်နေ

မွန်ပြည်နယ်က မြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံက လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့ပြီဟု ထုတ်ပြန်

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDF ကို လွှင့်ထူ နိုင်ခဲ့ဖြစ်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetlet က ထုတ်ပြန်ပါတယ်။