မကွေးတိုင်း ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်း အရေးနိမ့်ပြီး Jet-Fighter နဲ့ တစ်ကြိမ်၊Mi-35 နဲ့ တစ်ကြိမ် လေကြောင်းပစ်ကူယူပြီး တပ်ဆုတ်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဆုတ်ပြေးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၉ ယောက်သေပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၉ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း MBT တပ်ဖွဲ့ရဲဘော် ၂ ယောက်နဲ့ မဟာမိတ်တပ်များမှာ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှာ ၆၀မမ ၁ လက်၊ RPG- 7 ၁ လက် အပါအဝင် လက်နက် ငယ်အချိုနဲ့ အခြား ခဲယမ်းဆက်စပ်ပစ္စည်းအချို့အား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Myingyan Black Tiger (MBT)တပ်ဖွဲ့အပါအဝင် မြောင်တပ်ပေါင်းစု၊ Royal Brother Defence Force (RBDF)၊ သွေးသောက်တပ်ဖွဲ့၊​ ရေစကြိုမြိုနယ် (ပလဖ)၊MSPDFနဲ့ အခြားညီနောင်မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံ မဲဆောက်မြို့က သြရွဇာရွှေဆိုင် ဓားပြတိုက်လုယက်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေတွေ လုယက်ယူဆောင်သွားတဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။
Read More

အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်း၏ အခြေခံစစ်ပညာ အပတ်စဉ် (၉) သင်တန်းဆင်းပွဲ (ရုပ်/သံ)

အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၉) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က မှတ်တမ်းရုပ်သံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဘောလခဲခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ကရင်နီပြည်နယ် ဘောလခဲခရိုင်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂ မိုင်စခန်းကုန်း၊ ဝမ်းမလန်းစခန်းကုန်း၊ ထူးချောင်းစခန်းကုန်းနဲ့ ဖားဆောင်းမြို့အတွင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း အမှတ်-၁၁၀၅ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ကမ္မမြို့ပေါ် ထမင်းထုပ်လာပို့သည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်မှာ ထမင်းထုပ်လာပို့တဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Tiger Warrior Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခမရ ၄၀၅ တပ်ရင်းမှူး စိုင်းသူရဌေးမှာ ဒဏ်ရာရတပ်သားတွေကို ထားခဲ့ကြောင်း ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းများ ထွက်ဆို (ရုပ်/သံ)

''ကျွန်တော်တို့ သိတောင် မသိလိုက်ဘူး။ ဆေးခန်းထဲမှာ ဆေးကုနေတာ။ သူကို (စိုင်းသူရဌေး)တွေ့ရင် သတ်ပစ် ချင်တယ်။ ခေါင်းဆောင်ကောင်း မပီသလို့''လို့ ဖမ်းဆီးခံ စစ်သုံ့ပန်းတွေက ဆိုပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku ထံက သိရပါတယ်။