မကွေးတိုင်း၊ မြောင်နဲ့ ရေစကြိုမြို့နယ်အစပ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီအလောင်းတွေနဲ့ သုံ့ပန်းတွေဖမ်းဆီးရမိခဲ့တယ်လို့ Myimmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် မနက်အစောပိုင်းမှာ ရေစကြိုမြို့နယ်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း စက်လှေတွေနဲ့ ထွက်ခွာလာတဲ့ အင်အား ၁၆၀ ပါအကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ၄ နာရီကြာမြင့်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
“စစ်ကြောင်းရွာအနားကပ်လာတဲ့အချိန်မှာ စောင့်ပစ်တာပါဗျ။ တိုက်ပွဲချိန် ၂ နာရီကျော်လာတော့ စခတွေက ရှေ့ဆက်တက်မလာတော့ပဲ ပဲခင်းတွေ၊ ငရုပ်ခင်းတွေ၊ ပြောင်းခင်းတွေကြားမှာ ဝပ်နေကြပါတယ်။ အဲ့နောက် တိုက်လေယာဥ်ရယ် Mi35ရယ်က ပစ်ကူလာပေးပါတယ်။ လေယာဥ်လာတော့မှ စခတွေက ကျနော်တို့ဆုတ်ပြီထင်ပြီး ဆက်တက်လာတဲ့အချိန်မှာ ကျနော်တို့က စောင့်တိုက်ခဲ့တာပါ။” လို့ Myimmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
တိုက်ပွဲအပြီး စစ်ကောင်စီတပ်ကအလောင်း ၅ လောင်း၊ သုံ့ပန်း ၆ယောက်ကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးရမိခဲ့ပြီး ၆၀ မမစိန်ပြောင်း(၁)လက်၊ RPG (၁)လက်၊ MA3 (၁) လက်၊ G(3) (၁)လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတော်တော်များများ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
” ကျနော်တို့ ကြောင့် သူတို့အထိနာသွားတယ်ပေါ့။ အဲ့မှာ ဒဏ်ရာရတဲ့ ကောင်တွေကိုထမ်းပြေးတဲ့ကောင်ကပြေးတယ်။ နောက်ပြန်ဆုတ်တဲ့ကောင်ကဆုတ်နဲ့ တပ်ပျက်ကုန်ပါတယ်။ အဲ့အချိန် ရဲဘော်တွေက ကျားတက်ထိုးတော့ အလောင်း၅လောင်းနဲ့ အရှင်၆ကောင်မိခဲ့တာပါပဲ။” လို့ Myimmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် ရေ​စ​ကြိုမြို့ပေါ်ကနေလက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ကိုယ်စီရရှိခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) နဲ့အတူ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (MCRF)၊ စစ်ကိုင်းခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ (စစ်ကိုင်း ပလဖ)၊ ဆင်ရိုင်းစစ်ကြောင်း၊ (မြောင်)ကျေးရွာတပ်ပေါင်းစု၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)(၂)(၃)၊ မြောင်တိုက်နယ်(၆) ပ.က.ဖ၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မြောင် ပလဖ)၊ Wolf Brother၊ ကျောက်ဆည်နဂါးနီ၊ Liberation Army of Central Region၊ 8 Stars ၊ Taloke PDF၊ ဒေါင်းစစ်သည်၊ Myaung Union Army၊ ဝရဇိန်ထုတ်လုပ်ရေး၊ ဒေါင်းညီနောင်နဲ့ မြင်းခြံမြို့နယ် ပ.က.ဖတို့ အတူပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနေ့မနက်ပိုင်းမှာပဲ အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ယောက် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ရေစကြိုတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရ

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ကျောက်လုံးကြီးစခန်းရှေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၃‌ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung (တောင်ငူခရိုင်၊ တပ်မဟာ(၂) တပ်ရင်း(၅) လက်အောက်ခံ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲ PDF ကယ်ဆယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရန် သူနာပြုဆရာမ ၂ ဦး ခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့ (MPRT) မှာ တာဝန်ထမ်းဆောင်ဖို့အတွက် သူနာပြုဆရာမ ၂ ယောက် ခေါ်ယူမယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ဧရာဝတီတိုင်းက စစ်သင်တန်းဆင်းတွေကို တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ဒေသဆီ စစ်ကောင်စီ အလောတကြီး ပို့ဆောင်နေ

အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ရတဲ့ ဧရာဝတီတိုင်း မြို့နယ်တွေထဲက စစ်သားသစ်တွေကို ရခိုင်ပြည်နယ် စစ်ဆင်ရေးဒေသတွေဆီ ပို့ဆောင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

Special Operation Group စစ်ကြောင်းမှ တပ်ရင်း ရိက္ခာအတွက် ရိက္ခာများကို ခက်ခဲစွာ သယ်ယူနေသည့် ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Special Operation Group စစ်ကြောင်းအနေနဲ့ တပ်ရင်းအတွက် ရိက္ခာကို အဆင့်ဆင့် ခက်ခက်ခဲခဲ သယ်ယူရတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

CDF – KKG တပ်ရင်း (၄) ၏ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။