ထိုင်းနိုင်ငံ၊ စမူဆာခွန်းမြို့နယ်ရှိ စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံမှာ လုပ်ခလစာ မရရှိတဲ့ မြန်မာအလုပ်သမား ၁၅ ယောက်ကို လုပ်ခလစာရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ တိုင်ကြားရေးယန္တရားက မနေ့က ထုတ်ပြန်ပါတယ်။
စမူဆာခွန်းမြို့နယ်ရှိ စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ယောက် စက်ရုံပိုင်ရှင်ဆီက လုပ်အားခ မရတဲ့အတွက် တိုင်ကြားထားရာ ၃ လကျော်ကြာနေပြီဖြစ်တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနဲ့ မဟာမိတ် Myanmar Humanitarian Action Center (MHAC) အဖွဲ့ဆီ အကူအညီတောင်းခံလာတယ်လို့ ဆိုပါတယ်။
အကူအညီတောင်းခံလာတဲ့ မြန်မာအလုပ်သမားတွေကို MHAC အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့ပြီး MOU အလုပ်သမားတွေ ဖြစ်တာကို သိရှိခဲ့ရပြီး ပြီးခဲ့တဲ့ ၃ လကျော်က စက်ရုံပိုင်ရှင် လုပ်အားခမရှင်းပေးတဲ့အတွက် အေးဂျင့်ကတဆင့် ဆာဝါဒီကန်ရုံးကို တိုင်ကြားထားပေမယ့် လုပ်ခလစာ မရရှိသေးဘူးလို့ ပြောကြားလာတယ်လို့ NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် MHAC အဖွဲ့က စမူဆာခွန်းမြို့နယ်ရှိ ဆာဝါဒီကန်ရုံးကို သွားရောက်ပြီး အကျိုးအကြောင်း မေးမြန်းခဲ့ရာ အမှုကို ပြန်လည်စစ်ဆေးပေးခဲ့ပြီး ပိုင်ရှင်ကို အမှုဖွင့်ပြီးနောက် အစိုးရဘဏ်ကတဆင့် လုပ်အားခတွေ ပြန်ထုတ်ပေးရေး ညှိနှိုင်းသဘောတူညီမှု ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေရှိရင် complaint@molmyanmar.org ၊https://www.facebook.com/ComplaintMoLNUG

စတာတွေကနေ တိုင်ကြားနိုင်တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်တွင် စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂၀ ကျော် သေပြီး ၃ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ဘက်ကို တက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးကာလတလျှောက် တိုက်ပွဲငြိမ်သက်နေခဲ့သည့် ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာ

နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလက တိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း အပတ်စဉ် (၁၁) ကို နိုင်ငံအနှံ့ တန်းမြင့်သင်တန်းကျောင်းများတွင် ဖွင့်လှစ်

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အဓမ္မစုဆောင်းထားတဲ့ အရပ်သားလူငယ်တွေနဲ့  စစ်မှုထမ်းအပတ်စဉ် (၁၁)ကို သက်ဆိုင်ရာ သင်တန်းကျောင်းတွေမှာ စတင်လိုက်ပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကြောင်းထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စုရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) Gyo Bin Gauk Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။