ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေအပါဝင် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးပြီး ဦးဇင်း ၁ ပါး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က မနက်ပိုင်းမှာ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာနဲ့ ဂူကြီးကျေးရွာတို့ကို စစ်ကောင်စီက တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ တိုက်လေယာဥ် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်ဝင်လျှပ်စီးစစ်ကြောင်း ( Royal Thunder Column ) က ထုတ်ပြန်ပါတယ်။
ပိတောက်ကုန်းကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ရာ နေအိမ် (၅)လုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲ့ဒီနေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီက ဂူကြီးကျေးရွာကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာ ဘုန်းကြီးကျောင်း ၊ ဓမ္မာရုံံ နဲ့ အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးသွားပြီး ကျောင်းနေဦးဇင်း ၁ ပါးလည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ တော်ဝင်လျှပ်စီးစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
အခုလို အရပ်သားပြည်သူတွေအပေါ် အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အန္တရယ်ကိုပြည်သူတွေအနေနဲ့ အစစအရာရာ ဂရုတစိုက်နေထိုင်သွားလာကြဖို့ကိုလည်း တော်ဝင်လျှပ်စီးစစ်ကြောင်းက အသိပေးထားပါသေးတယ်။
ပုံစာ – စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့စဥ်
0 Shares:
You May Also Like
Read More

ဝက်လူးရွာမှာ တပ်စွဲထားသည့် စစ်အုပ်စုက ဒေသခံ ၅ ဦးကို သတ်ဖြတ်ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊  နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို သတ်ဖြတ်သွားသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နွားထိုးကြီးနယ်ခံတွေဆီက သိရပါတယ်။
Read More

အင်းစိန်က စစ်ကောင်စီ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်အိမ်ထောင်သည်လိုင်းခန်း အစောင့်ကင်းဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းလှေတွေကို စစ်ကောင်စီရေတပ်က တိုက်ခိုက်တာဆိုရင် လက်တုံ့ပြန်မယ်လို့ ထိုင်းရေတပ်ပြော ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် အကြမ်းဖက်တာကို မထောက်ခံဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆို

စစ်ကောင်စီရေတပ်က ထိုင်းပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ထိုင်းငါးဖမ်းလှေတွေကို တိုက်ခိုက်တာဆိုရင် ထိုင်းရေတပ်အနေနဲ့ လက်တုံ့ပြန်ဖို့ အသင့်ရှိကြောင်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jirapol Wongwit က ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။
Read More

NCA ၁၀ နှစ်ပြည့်ပွဲ တက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မင်းအောင်လှိုင်ကို လာရောက် “ဂါရဝပြု”တွေ့ဆုံခဲ့ဟု စစ်တပ်ထုတ်ပြန် 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီစာချုပ် (NCA) ရဲ့ ၁၀ နှစ်ပြည့်ပွဲ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက် “ဂါရဝပြု”တွေ့ဆုံခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

အထက်မင်းလှအရှေ့ခြမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၃၃ ဦး သေပြီး ၃၁ ဦးအရှင်မိကာ လက်နက် (၅၄) လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၃ ယောက် သေဆုံးပြီး ၃၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။