ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Special Operation Group – SOG က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက် မနက်ပိုင်းမှာ ကော့ကရိတ်မြို့၊ ကော့နွဲ့ရွာမှာ စစ်ကောင်စီတပ်တွေ တော်လှန်ရေးတပ်ဖွဲ့များ အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ၆ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ Special Operation Group-SOG စစ်ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း Special Operation Group-SOG စစ်ကြောင်း တပ်ခွဲ ၁ က ရဲဘော် ရန်နိုင်စိုး (ခ) ရဲဘော်ဟင်္သာတ ကျဆုံးခဲ့ပြီး ကျဆုံးရဲဘော်အတွက် ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က သက်ပျောက်ဆွမ်းသွပ် အမျှပေးဝေ လှူဒါန်းကာ ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ လလယ်ကစလို့ ဒီနေ့အချိန်အထိ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။
ပုံစာ – တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် စျာပနာမြင်ကွင်းများ
0 Shares:
You May Also Like
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က ရဲဘော်တွေကို (၆) ကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

⁨⁨⁨ပြည်သူများကို အတင်းအကြပ် စစ်မှုထမ်းထဲ ထည့်နေသည့် ပျူစောထီး ဇရပ်မှာ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုကျေးရွာမှာနေထိုင်တဲ့  ပျူစောထီး ခင်မောင်ဝင်းဟာ ကျေးရွာနေ ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃⁩) ထံက သိရပါတယ်။
Read More

ဆယ်ဝရွာတွင် စစ်ရှောင်ပြည်သူများ ရွာထဲပြန်ဝင်ပြီး ရက်ပိုင်းအကြာ လေကြောင်းတိုက်ခိုက်ခံရ၊ ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ‌ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းကို ပြန်လည်အသုံးပြုခွင့်ပေး

တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီး ကာလရှည် အသုံးပြုခွင့်ပိတ်ထားတဲ့ မုံရွာ-အရာတော်လမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်လိုက်ပြီလို့  မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း ၆ မှာ တော်လှန်ရေးရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင် ပြသ

ကရင်နီပြည်အတွင်း စစ်အာဏာရှင်စနစ် လက်နက်ကိုင် တော်လှန်ရေးကို အခြေခံပြီး Karenni Arts Creation(KAC)အဖွဲ့က ရိုက်ကူးထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ် (၆) တပ်ရင်းမှာ လာရောက်ပြသခဲ့တယ်လို့ သိရပါတယ်။