ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြို့နယ် မိုင်းယော်တိုက်နယ်၊ လုံးမွန်းကျေးရွာက ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ ဖမ်းဆီးထား‌တဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို အမြန်ဆုံးလွတ်ပေးဖို့ ရှမ်းနဲ့ ကချင်အရပ်ဖက် အဖွဲ့အစည်းတွေက ‌‌တောင်းဆိုထားပါတယ်။
လုံးမွန်းကျေးရွာမှာ တပ်စွဲထားတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ တပ်သားနှစ်ယောက်က ဖေဖော်ဝါရီ(၇)ရက်က အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို လူပျိုသဘာဝ လိုက်ချစ်ကြိုက်ရာက အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တပ်သား(၁) ယောက် ‌သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်အတွင်းရှိ လူ့အခွင့်အရေးတွေ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးဖို့ အာဆီယံအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနရှိ ကိုယ်စားလှယ်ဆီ အိတ်ဖွင့်ပေးစာနဲ့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
အသက်(၁၅)နှစ်သာ ရှိသေးတဲ့ မိန်းကလေးငယ်ကို အဲ့ဒီနေ့မှာ နားပင်းကျေးရွာ ရှင်လောင်းပွဲကို ရောက်ရှိနေချိန် (MNDAA)တပ်သားတွေက တပ်သား (၂) ယောက် အပြန်အလှန် သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ(၈)နေ့တွင် မနန်းယိင်းဟွမ်၏ မိသားစုနှင့် ရပ်မိရပ်ဖ ရွာလူကြီးများမှ (MNDAA) စခန်းချထားသည့် နေရာသို့ သွားရောက်ပြီး အဆိုပါ မိန်းကလေးကို ပြန်လွတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ကိုးကန့်တပ်သား(၂)ဦး အချင်းချင်း သတ်ဖြတ်မှုနှင့် ဆက်စပ်နေသည် ဟုဆိုကာ ပြန်မလွတ်နိုင်ကြောင်း အကြောင်းပြန်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း (၁၀၂၇)စစ်ဆင်ရေး ဒုတိယလှိုင်း တိုက်ပွဲဖြစ်ပွားချိန် (၁)လအတွင်း လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်(၅၀၀)ထက် မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး အရပ်သားအယောက် (၂၆၀) ဝန်းကျင် တိုက်ပွဲကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံနေမှု အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိထားခြင်းဖြစ်

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့  ၇၀ ရာခိုင်နှုန်းလောက်မှာ လက်နက်ခဲယမ်းပြည့်စုံနေပြီဖြစ်ပြီး အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိတဲ့ ကပစထုတ် လက်နက်တွေဖြစ်ကြောင်း CDM  တပ်မတော်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
Read More

တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ် (၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံတွင် စစ်အုပ်စုယာဥ်တန်းအား တော်လှန်ရေးတပ်များ ပြောက်ကျားတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၀ ဦး သေပြီး သေနတ် ၄ လက် ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးစခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၁၀ယောက်သေဆုံးပြီး သေနတ် ၄ လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။