ချင်းပြည်နယ်တောင်ပိုင်းရှိ ကျင်‌ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း Chin Defence Force – Kanpetlet က ပထမဆုံးအကြိမ် စစ်သင်တန်းအဖြစ် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Chin Defence Force – Kanpetlet တပ်ဖွဲ့ဟာ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု၊ ယုံကြည်မှုတို့နဲ့အတူ မွေးဖွားလာတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့နယ်တို့ကို ကိုယ်စားပြုတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
ချင်းပြည်အတွင်း အခြားမြို့သိမ်းတိုက်ပွဲတွေမှာလည်း စစ်ဆင်ရေးနဲ့ စစ်ရေးလိုအပ်ချက်အပေါ် မူတည်ပြီး အစွမ်းကုန် ဆက်လက် တိုက်ပွဲဝင်နေတယ်လို့ CDF – Kanpetlet က ဆိုပါတယ်။
ကျင်‌ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်အပါအဝင် ချင်းပြည်နယ် တောင်ပိုင်းတစ်ခုလုံး စစ်အုပ်စုလက်အောက်မှ လွတ်မြောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ မိမိဒေသမှာ ပြန်လည်အခြေချချိန်မှာ ပြည်သူလူထုကို နွေးထွေးလုံခြုံစွာ အပြည့်အဝ အကာကွယ်ပေးတဲ့ ပြည်သူ့အချစ်တော် တပ်နဲ့ စစ်သည်တော်ကောင်းတွေ ဖြစ်လာစေဖို့ ရည်ရွယ်ကြောင်းလည်း CDF – Kanpetlet က ဆိုပါတယ်။
လေးလကျော်ကြာမြင့်တဲ့ Chin Defence Force – Kanpetlet အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) ရဲ့သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ သင်တန်းဆင်းပွဲအတွင်း သင်တန်းဆင်း ရဲဘော်၊ရဲမေတွေရဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ လက်နက်တပ်ဆင်ရေးအခမ်းအနားကိုပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Chin Defence Force – Kanpetlet တပ်ဖွဲ့ရဲ့ အပတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာပြီး‌ မြောက်နိုင်ရေးနဲ့ လက်နက်တပ်ဆင်ရေးအတွက် အာရက္ခတပ်‌တော်(ULA/AA) နဲ့ ပြည်တွင်းပြည်ပက Chin Defence Force – Kanpetlet ရဲ့ ထောက်ပို့ပြည်သူအားလုံးကို အထူးကျေးဇူးတင်တယ်လိုလည်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန် မြို့နယ်ထဲက စစ်ကောင်စီတပ် စခန်းချရာနေရာ ၁၂ ခုကို တပြိုင်တည်း တိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံး …

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်ထဲက စစ်ကောင်စီတပ် စခန်းချရာ နေရာ ၁၂ ခုကို တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ 9/A Nyar Myae Operation အဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ကေတုမတီလေတပ်စခန်း တိုက်ခိုက်မှု ဒုဗိုလ်မှူးကြီး ၂ဦး၊ ဗိုလ်ကြီး ၂ ဦးအပါ ၁၀ဦး သေဆုံး ဒရုန်းဂိုဒေါင် မီးလောင်ကာ Jet Fighter ၂ စီး၊ Y-8 ၁ စီး ထိခိုက်ပျက်စီး

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဒေါ်ကြည်ပြာအမှု အမှန်တရား ဖော်ထုတ်မည်ဟု ဒေါက်တာဇော်ဝေစိုး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အမှန်တရားအတိုင်း ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလာပါတယ်။
Read More

မင်္ဂလာဦးရပ်ကွက် စစ်တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ရာနှင့် စစ်ကူကားတို့ကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာ ပကဖ ထုတ်ပြန်၊ ငွေကျပ် ၉၆ သိန်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိပြီး စစ်ကောင်စီလက်​အောက်ခံ ဝန်ထမ်း ၁​၁ ဦးကိုလည်း ဖမ်းဆီးခဲ့ဟု ဆို

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မင်္ဂလာဦးရပ်ကွက် စစ်​တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ယာနဲ့ တပ်ကူလာတဲ့ စစ်ကားတွေကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

စိတ်ရင်းစေတနာကောင်းနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်၊ အဂတိလိုက်စားသူရဲ့ ပိုင်ဆိုင်မှုကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်လို့  ပြောကြားလိုက်ပါတယ်။
Read More

ရန်ကုန်မှာ ငလျင်ကြောင့် ဘဏ်နှင့် ပုဂ္ဂလိကလုပ်ငန်းများ နေ့တစ်ဝက်ရပ်နား၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအများစု ပြတ်တောက်နေ

ကြီးမားတဲ့ ငလျင်လှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်တာကြောင့် ရန်ကုန်က  စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေကို နေ့တစ်ဝက် ရုံးပိတ်ကာ ဝန်ထမ်းတွေကို ပြန်ခွင့်ပြုနေတယ်လို့ သိရပါတယ်။