ချင်းပြည်နယ်တောင်ပိုင်းရှိ ကျင်‌ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း Chin Defence Force – Kanpetlet က ပထမဆုံးအကြိမ် စစ်သင်တန်းအဖြစ် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Chin Defence Force – Kanpetlet တပ်ဖွဲ့ဟာ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု၊ ယုံကြည်မှုတို့နဲ့အတူ မွေးဖွားလာတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့နယ်တို့ကို ကိုယ်စားပြုတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
ချင်းပြည်အတွင်း အခြားမြို့သိမ်းတိုက်ပွဲတွေမှာလည်း စစ်ဆင်ရေးနဲ့ စစ်ရေးလိုအပ်ချက်အပေါ် မူတည်ပြီး အစွမ်းကုန် ဆက်လက် တိုက်ပွဲဝင်နေတယ်လို့ CDF – Kanpetlet က ဆိုပါတယ်။
ကျင်‌ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်အပါအဝင် ချင်းပြည်နယ် တောင်ပိုင်းတစ်ခုလုံး စစ်အုပ်စုလက်အောက်မှ လွတ်မြောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ မိမိဒေသမှာ ပြန်လည်အခြေချချိန်မှာ ပြည်သူလူထုကို နွေးထွေးလုံခြုံစွာ အပြည့်အဝ အကာကွယ်ပေးတဲ့ ပြည်သူ့အချစ်တော် တပ်နဲ့ စစ်သည်တော်ကောင်းတွေ ဖြစ်လာစေဖို့ ရည်ရွယ်ကြောင်းလည်း CDF – Kanpetlet က ဆိုပါတယ်။
လေးလကျော်ကြာမြင့်တဲ့ Chin Defence Force – Kanpetlet အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) ရဲ့သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ သင်တန်းဆင်းပွဲအတွင်း သင်တန်းဆင်း ရဲဘော်၊ရဲမေတွေရဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ လက်နက်တပ်ဆင်ရေးအခမ်းအနားကိုပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Chin Defence Force – Kanpetlet တပ်ဖွဲ့ရဲ့ အပတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာပြီး‌ မြောက်နိုင်ရေးနဲ့ လက်နက်တပ်ဆင်ရေးအတွက် အာရက္ခတပ်‌တော်(ULA/AA) နဲ့ ပြည်တွင်းပြည်ပက Chin Defence Force – Kanpetlet ရဲ့ ထောက်ပို့ပြည်သူအားလုံးကို အထူးကျေးဇူးတင်တယ်လိုလည်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျိုက်ထိုမှာ WY မူးယစ်ဆေးပြား ရောင်းဝယ်ရင်း တော်လှန်ရေးသတင်း ထောက်လှမ်းနေတဲ့ ရဲသတင်းပေးကို ပကဖ ဖမ်းဆီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က WY မူးယစ်ဆေးပြားရောင်းဝယ်ရင်း တော်လှန်ရေးသတင်းထောက်လှမ်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲသတင်းပေးကို ဖမ်းဆီးလိုက်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ထိန်းချုပ်နယ်မြေများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကာကွယ်သွားမည်ဟု MDY PDF ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF အနေနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ်တွင် ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထားပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံ အယောက် ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

အရှိုချင်း ကာကွယ်ရေးတပ်မှာ တာ၀န်ထမ်းဆောင်ဖို့ တပ်သားသစ်တွေ ခေါ်ယူ

အရှိုချင်းကာကွယ်ရေးတပ်(ACDF) ကနေ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၆) အတွက် သင်တန်းသား အသစ်တွေ ခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။