ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာနဲ့ ဂူကြီးကျေးရွာကို ဖေဖော်ဝါရီ ၂၈ ရက် တစ်ရက်တည်းမှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ပိတောက်ကုန်းကျေးရွာမှာ အရပ်သား ထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ဂူကြီးကျေးရွာသို့ ထပ်မံဗုံးကြဲချတိုက်ခိုက်ခဲ့ ပြီး ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ အရပ်သား နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကျောင်းနေ ဘုန်း ကြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ တရားခွင် ရုပ်သံဖိုင် ထွက်ပေါ်လာ (ရုပ်/သံ)

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တရားရင်ဆိုင်နေရတဲ့ CCTV ရုပ်သံဖိုင်ကို ဂါဒီယန်းသတင်းမှာ ဖော်ပြလာပါတယ်။
Read More

အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်များ၏ စစ်ဆင်ရေးလေ့ကျင့်မှု (ရုပ်/သံ)

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု မှတ်တမ်း ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂ ရက် မနက်ပိုင်းက ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းအတွက် နိုင်ငံခြားသားကို ကျဥ်စက်ဖြင့်တို့ပြီး ဖမ်းခေါ်သွားသည့် မှတ်တမ်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်မှာ လူကုန်ကူးသူတွေက နိုင်ငံခြားသား ၁ ယောက်ကို လျှပ်စစ်ကျဉ်စက်နဲ့ တို့ပြီး ဖမ်းခေါ်သွားတဲ့ CCTV မှတ်တမ်းဖိုင်ကို ထိုင်းနိုင်ငံသားက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ရွှေဘိုမြို့နယ် တည်ပင်ရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်ခမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်ကောင်စီသုံ့ပန်းထဲမှာ DPLA မှ ရဲဘော်တစ်ယောက်ရဲ့ အစ်ကိုဖြစ်သူ ပြန်လည်တွေ့ဆုံ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းမှာ TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဖမ်းဆီးမိတဲ့ စစ်‌ကောင်စီတပ်သားတွေထဲမှာ DPLAတပ်ဖွဲ့ဝင်ရဲဘော်တစ်ယောက်ရဲ့ အစ်ကိုဖြစ်သူကို ပြန်လည်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။