တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာ တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ဆက်ကြေးကောက်နေတဲ့ ဂိတ်စခန်းတွေကို ၅ ရက်တာအတွင်း ဒရုန်းနဲ့ ၅၂ ကြိမ် ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Dragon Squad – TNI ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်က ပန်းပြင်ကျေးရွာသို့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ဖေဖော်ဝါရီ ၁၆ ရက်၊ ၁၇ ရက်တွေမှာ ပိန်းတောကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရ ပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၄ ရက်အတွင်း အမှတ် ၈ လမ်းမပေါ်မှာ ဆက်ကြေးကောက်နေတဲ့ သရက်နှစ်ခွဂိတ်၊ ရွှေဂူဂိတ်တို့ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

ဖေဖော်ဝါရီ ၂၄ ရက်က ဥတ္တူကျေးရွာမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ကြောင်းလုံးကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖော်ပြပါတိုက်ခိုက်မှုတွေအတွင်း ဗိုလ်မှူး၊ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေ ပြီး အများအပြားထိခိုက်ဒဏ်ရာအများအပြားရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို တိုင်းစစ်ဌာနရဲ့ လက်ရုံးဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ Dragon Squadမှ ဦးဆောင်မှုနဲ့ မဟာမိတ်ပူးပေါင်းဒရုန်းတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ဒေါင်းညီနောင် ဒရုန်းတပ်ဖွဲ့၊ T5 wings ၊DEF Drone Force၊ DGRF Drone Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဟုမ္မလင်းမြို့နယ်အတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး မီးလောင်နေတဲ့ စာသင်ကျောင်းကို မီးငြိမ်းသတ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာစာသင်ကျောင်းကို ရှမ်းနီအမျိုးသားတပ်မတော် SNA ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့အတွက် တော်လှန်ရေးရဲဘော်တွေက မီးငြိမ်းသတ်ပေးခဲ့တယ်လို့ Homalin People's Defense Force မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငွေတွင်းစခန်းမှ ရိက္ခာသယ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ် ကြောင်းကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ‌ယောက် ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်တွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ People's Defence Organization - Oktwinမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အင်အား ၂၀၀ ခန့်ရှိ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေ၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေကာ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းထံက သိရပါတယ်။
Read More

Sky Villa ကွန်ဒိုကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေ၊ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ (ရုပ်/သံ)

ပြင်းထန်တဲ့ငလျင်နဲ့ ကြုံတွေ့ခဲ့ရတဲ့ Sky Villa ကွန်ဒို ပြိုကျမှုက ပိတ်မိနေသူတွေကို ဒီနေ့ ဧပြီလ ၃ ရက်နေ့မှာ ဆက်လက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။