အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် ပကဖ ရဲ့ (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
အဆိုပါသင်တန်းကို အမှတ် (၁) စစ်ဒေသ ယင်းမာပင်ခရိုင်ကွပ်ကဲ‌ရေးမှူးနဲ့ ယင်းမာပင်ခရိုင်ပကဖ တာဝန်ခံ တို့ရဲ့ စီစဥ်လမ်းညွှန်မှုနဲ့အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၂၊တပ်ရင်း ၆၊ မြို့နယ်လေးခု (ယင်းမာပင်၊ဆားလင်းကြီး၊ပုလဲ၊ကနီ)က မြို့နယ်ပကဖ ဒုတာဝန်ခံတွေ၊ မြို့နယ်ပကဖ ရေးရာတာဝန်ခံတွေနဲ့ တိုက်နယ် ပကဖ တာဝန်ခံတွေကို ရက်ရှည် သင်တန်းပို့ချခဲ့တယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းမှာ တည်ရှိနေတဲ့ ယင်းမာပင်ခရိုင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့ အနီးမှာ တည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့ ခရိုင် တစ်ခု ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ရေးအတွကအ ပကဖ နဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စနစ်တကျ စုဖွဲ့လေ့ကျင့်နေတယ်လို့ ပကဖ အသံက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းလာဖို့ နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းမည်ဟု PNFC နှင့် PNLA ပူးတွဲထုတ်ပြန်

ဗမာအပါအဝင် တိုင်းရင်းသား အင်အားစုအားလုံးနဲ့ လက်တွဲကာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်မယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မြစ်ခြေတွင် နေအိမ် ၂၀၀ ကျော် မီးရှို့ခဲ့သည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၁၅ ဦး သေကာ အများအပြားထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်‌ခြေမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က စစ်သားနဲ့ ပျူ ၁၅ ယောက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဒေါင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက သက်ကြီးပိုင်းတွေ ဆွဲခေါ်ကာ ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်သင်တန်းပို့ချနေ

ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိရှိတဲ့ အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးဆိုပြီး အဖွဲ့တွေဖွဲ့ပေးကာ စစ်သင်တန်းတွေ ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

NUG ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက PDF သင်တန်းသူ၊ သင်တန်းသားတွေကို သွားရောက်တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းကျောင်းတွေဆီ သွားရောက်ပြီး သင်တန်းနည်းပြအဖွဲ့များ၊ သင်တန်းသူ၊ သင်တန်းသားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

နမ့်ခမ်းမှ ဆိုင်ကယ်သယ်ပြီး လာရောင်းသည့် အမျိုးသမီး အင်းတော်တွင် ဓားပြတိုက်ခံရ

နမ့်ခမ်းမြို့ကနေ ဆိုင်ကယ်သယ်ပြီး လာရောင်းတဲ့ အမျိုးသမီးတစ်ယောက် အင်းတော်မှာ လက်လုပ်သေနတ်နဲ့ ဓားပြတိုက်ခံခဲ့ရတယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။