မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးအကျပ်အတည်းထဲမှာ နစ်မွန်းနေရပြီး ပြည်သူတွေဟာလည်း ဒုက္ခဆင်းရဲတွေ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောပါတယ်။
“ပဋိပက္ခ၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ စီးပွားရေးပြိုလဲမှုတွေက မြန်မာနိုင်ငံတဝှမ်း ထိခိုက်နာကျင်မှုတွေ ဖြစ်စေပြီး အရပ်သားတွေ ဆိုးဆိုးရွားရွား နစ်နာနေရတယ်” လို့ သူက သောကြာနေ့ကပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီမှာ ပြောပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးမှုအရေအတွက်က အာဏာသိမ်းပြီး‌နောက် အများဆုံးဖြစ်ခဲ့ကြောင်း၊ အရပ်သားသေဆုံးသူ ၁၈၀၀ ကျော်ကြောင်း၊ အများစုက တရားလက်လွတ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဖြစ်ကြောင်း၊ စာသင်ကျောင်းတွေ၊ ဝတ်ပြုရာနေရာတွေနဲ့ ကျန်းမာရေးအဆောက်အအုံတွေကို တိုက်ခိုက်တာတွေကလည်း ပုံမှန်ဖြစ်လာကြောင်း UN သတင်းက ဖော်ပြပါတယ်။
ခေါင်းဖြတ်တာတွေ၊ မီးရှို့တာတွေ၊ အပိုင်းပိုင်းဖြတ်တာတွေနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေအပါအဝင် စစ်တပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကို ရှုတ်ချကြောင်း၊ အာဏာသိမ်းပြီးနောက် အကျဉ်းစခန်းတွေထဲ လူ ၂၀၀၀ နီးပါးသေဆုံးခဲ့ရပြီး အများစုက တရားစီရင်ရေး သေချာမလုပ်ဘဲ ကွပ်မျက်တာတွေနဲ့ ညှင်းပန်းနှိပ်စက်တာတွေကြောင့်ဖြစ်ကြောင်း သူက ပြောပါတယ်။
စစ်တပ်နဲ့ အတိုက်အခံလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် လူပေါင်း ၃သန်းခွဲကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ၁၅ သန်းက ငတ်မွတ်မှုဒဏ်ခံနေရကြောင်း၊ ၂ သန်းကတော့ အငတ်ဘေးအန္တရာယ် ရင်ဆိုင်ကျရောက်နေရကြောင်း သူကဆိုပါတယ်။
ရခိုင်ဒေသတိုက်ပွဲတွေကြောင့်လည်း အရပ်သား ထောင်ချီသေဆုံးခဲ့ပြီး ရိုဟင်ဂျာတွေဟာလည်း ပစ်ခတ်မှုတွေအတွင်း ကြားညှပ်ခဲ့ရကြောင်း၊ နယ်ခြားကန့်သတ်ချက်တွေအကြား ၂၀၂၄ ခုနှစ်အတွင်း သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရကြောင်း သူကပြောပါသေးတယ်။
ဒါ့အပြင် စီးပွားရေးပြိုလဲမှုကလည်း အဂတိလိုက်စားမှုနဲ့ ရာဇ၀တ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပြီး မြန်မာပြည်ကို ကမ္ဘာ့အကြီးဆုံး စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ ကွင်းဆက်ထဲ ရောက်ရှိသွားစေခဲ့လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့နံပါတ်တစ် ဘိန်းထုတ်လုပ်သူဖြစ်လာပြီး လူကုန်ကူးမှု၊ သားကောင်တွေကို ဆိုက်ဘာရာဇဝတ်မှုတွေမှာ အဓမ္မလုပ်အားပေး စေခိုင်းမှု၊ နှိပ်စက်ညှင်းပမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပွားရာ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေရဲ့ အခြေစိုက်နေရာဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
တဆက်တည်းမှာပဲ လူငယ်အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး မတရားဖမ်းဆီးတာတွေနဲ့ အတင်းအကြပ် လူသစ်စုခံရတာတွေဖြစ်စေခဲ့တဲ့ စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေအသက်သွင်းမှုကို ကုလသမဂ္ဂအရာရှိက ရှုတ်ချခဲ့ပါတယ်။
“လူသားချင်းစာနာမှု၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုတွေက ဒေသတွင်း မတည်မငြိမ်မှုတွေ တိုးမြင့်လာစေနိုင်တာကြောင့် နိုင်ငံတကာ အသိုက်အဝန်းက ဒီထက်ပိုပြီး လုပ်ဆောင်ရမှာဖြစ်တယ်” လို့ Volker Türk က အလေးပေးပြောကြားခဲ့ပါတယ်။
မြန်မာပြည်သူလူထုကို ပိုပြီး ကောင်းကောင်းမွန်မွန် ကာကွယ်နိုင်ဖို့အတွက် လေယာဉ်လောင်စာဆီနဲ့ အရပ်ဘက်စစ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်းတွေအပါအဝင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ လက်နက်ရောင်းချမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ သူကတောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တရားစီရင်နိုင်ရေး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့ရဲ့ ကြိုးပမ်းမှုတွေကို ကိုးကားပြီး တာဝန်ခံမှုရှိစေဖို့ လိုအပ်ကြောင်းလည်း သူကအလေးအနက် ပြောဆိုခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

သရက်ချောင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့ T 5 Wings က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို MDY-PDF ထောက်ပံ့ကြေးပေးအပ် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ စိုးမိုးနယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ချောင်းဦးမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှင့် ဗုံးသီးကြဲချတိုက်ခိုက်နေ

စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ ၂ ငါးလုံးအထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်”စာသားကို ကိုင်ဆောင်ပြီး လမ်းလယ်ခေါင်မှာ ဆန္ဒထုတ်ဖော်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့တစ်နေရာမှာ ၂ ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်ပူးပေါင်းပေးဖို့ NUG တောင်းဆို

NUG လက်အောက်ကမဟုတ်ဘဲ စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုများ၀င်ရောက်ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အမျိုသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Read More

စစ်ရေးတင်းမာနေမှုများကြောင့် သရက်-ကံမလမ်းပိုင်း အသုံးပြုခွင့် ပြည်သူ့ကာကွယ်ရေးဘက်မှ ပိတ်ပင်ထား

မကွေးတိုင်း၊ သရက်ခရိုင်အတွင်းက သရက်-ကံမ လမ်းပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် လမ်းပိုင်းအသုံးပြုခွင့်ကို ပိတ်ပင်ထားတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။