စစ်အာဏာသိမ်း (၄)နှစ်တာအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် အရပ်သား ခြောက်ထောင်ကျော် (၆,၃၆၄) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၈,ဝဝဝ (၂၈,၇၁၂ ဦး) ကျော်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီလကနေ ၂၀၂၅၊ ဖေဖော်ဝါရီ ၂၈ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေကို AAPP က ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်လအတွင်း မှာပင် စစ်ကောင်စီကြောင့် အရပ်သား၁၀၆ ဦးသေဆုံးခဲ့ရပါတယ်။
၂၀၂၅၊ ဖေဖော်ဝါရီလ အတွင်းမှာပင် အမျိုးသမီး ၅၃ ဦးနဲ့ အမျိုးသား ၅၃ ဦး စုစုပေါင်း ၁၀၆ ဦးသေဆုံးခဲ့ရပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၆ ဦး ပါဝင်တယ်လို့သိရပါတယ်။
သေဆုံးသူ အများစုဟာ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်ခံရမှုကြောင့်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ မကွေးတိုင်းက ၂၇ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်းက ၂၆ ဦးနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်ခဲ့ပါတယ်။
ပုံစာ- ၂၀၂၅၊ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု။
0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းပန်ခြင်း၊ အင်္ကျီအပြာ ဝတ်ဆင်ခြင်းကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချဖို့ စစ်တပ်လော်ဘီများ လှုံ့ဆော်နေ

အာဏာသိမ်းစစ်ကောင်စီကနေ မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ရက် မနက်ဖြန်ဆိုရင် အသက် ၈၀ ပြည့်ပြီဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပြည်သူလူထုကြားမှာ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်တိုက်တွန်းထားပါတယ်။
Read More

နတ်တလင်းကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းကနေ နတ်တလင်းမြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးသွားတယ်လို့ ၃၆၀၁ PPDFတပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စနိုက်ပါ စစ်သားနှင့် ပျူစောထီး၏သား အချင်းချင်း ဆိုင်ကယ်တိုက်မိပြီး စနိုက်ပါသမား သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အရပ်သား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတဲ့ ခလရ ၅၀ တပ်က စနိုက်ပါ ကြည်ဝင်းဆိုသူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး နေရာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ငလျင်ကြောင့် နေပြည်တော်တွင် စစ်ရုံးချုပ်အပါအဝင် ထိခိုက်ပျက်စီးမှုများပြား။ ဌာနဆိုင်ရာရုံးတချို့ကို ရန်ကုန်မှာ ပြောင်းလဲဖွင့်လှစ်မည်ဟု ဆို

မတ်လ ၂၈ ရက်နေ့မှာ ပြင်းထန်စွာလှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ဘက်နဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေ အကြီးအကျယ် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပြီး၊ အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်ရှိ ဌာနဆိုင်ရာရုံးတချို့ကို ရန်ကုန်မြို့မှာ ပြောင်းရွေ့ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ နေပြည်တော်နဲ့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။
Read More

တော်လှန်အနုပညာရှင် မင်းမော်ကွန်း၏ ဖြတ် ရုပ်ရှင် ကနေဒါမှာ ပြသ (ဓာတ်ပုံသတင်း)

အာဏာသိမ်း စစ်ကောင်စီကို အနုပညာအားနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ မင်းမော်ကွန်းရဲ့ ဖြတ် ရုပ်ရှင်ပြပွဲကို မတ်လ ၁၅ ရက်က ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ BCIT မှာ ကျင်းပခဲ့ပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက်၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရာ ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။