စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနဲ့ နွယ်ခွေရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်းများနဲ့ တိုက်ခိုက်ခဲ့မှုအတွင်း ကလေး (၃) ယောက် အပါအဝင် အရပ်သားပြည်သူ(၁၁) ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ချောင်းဦးမြို့ အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ ချောင်းမရွာနဲ့ နွယ်ခွေရွာများကို အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီလ(၂၅)ရက် တစ်ရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို၊ လက်နက်ကြီးနဲ့ရော ခြေလျင်စစ်ကြောင်းနဲ့ပါ အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ကလေး(၃) ယောက် အပါအဝင် အရပ်သားပြည်သူ(၁၁) ယောက် သေဆုံးပြီး ပြည်သူ(၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်(၉)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို လက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ရေး တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

လွတ်မြောက်လာသည့် ကရင်နီ နိုင်ကျဉ်းများအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု KPPA ထုတ်ပြန်

ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ဟာ အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားတွေကို လိုအပ်တဲ့ အကူအညီတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရရှိသွားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Read More

ဗန်းမောက်မြို့အား အောင်မြင်စွာ သိမ်းပိုက်မှု NUG အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်၊ SNA ဗိုလ် (၁) ဦးအပါ အလောင်း (၇) လောင်းကို ရရှိခဲ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ အကြမ်းဖက်စစ်တပ် စိုးမိုးနယ်မြေအတွင်းရှိ ဗန်းမောက်မြို့ကို စက်တင်ဘာလ (၁၅) ရက်မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ရာ စက်တင်ဘာလ (၂၀) ရက်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မှာ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ တော်လှန်ရေးခရီး ‘ဆက်လျှောက်’ ကြဖို့ တိုက်တွန်းလှုပ်ရှားမှု

၂၀၂၄ ခုနှစ် ကုန်ဆုံးလို့ ၂၀၂၅ ကို ရောက်လာချိန်မှာလည်း အကြမ်းဖက် စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကို ခေါင်းငုံ့မခံဘဲ အာဏာရှင်တွေကို ဆန့်ကျင်ကြဖို့ Keep Moving On - ဆက်လျှောက် ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို နှစ်သစ်ရဲ့အစ ဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ ၅၅၈ က တပ်ကြပ်ကြီး အပါအဝင် တပ်သား (၇) ဦး လက်နက်များနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၅၈ မှာ  တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများ၏ အားကိုးတကြီး တိုင်ကြားမှုများကို ခပ်မြန်မြန် ဖြေရှင်းပေးကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သူ့အစိုးရအဖွဲ့ဝင်များအား တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၅)ကို မတ် ၂၀ ရက် မနေ့က မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ ထုတ်ပြန်ပါတယ်။