ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး – KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ဖေ‌ဖော်ဝါရီ ၂၆ ရက်၊ နေ့လည်ပိုင်းမှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခွန်နဝါ (မောထီး) ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော်က လာတဲ့ Yak-130 jet Fighter နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ယောက် သေဆုံးပြီး အသက် ၄ နှစ်အရွယ် ကလေးငယ်နဲ့ ပြည်သူ ၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီရဲ့ Yak-130 jet Fighter နောက်ထပ်တစ်စီးနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပန်းအောင်(တိုခေါဖူး) ကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဝန်း စေတီတော်ကို သန့်ရှင်းရေးလုပ်နေတဲ့ ကျောင်းထိုင်ဆရာတော်တစ်ပါး ထိမှန်ခဲ့ပြီး ဦးဇင်း တစ်ပါးနဲ့ ကိုရင် တစ်ပါးတို့အပြင် အသက် ၅ နှစ်အရွယ် ကလေးငယ်နဲ့ ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဘာသာ‌ရေးအဆောက်အဦးတွေ၊ ပြည်သူ့ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားတွေ နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
Read More

ထိုင်း-ကရင်နီနယ်စပ်က စစ်ကောင်စီရဲ့ ပွိုင့် ၅၄၁၆ ကို ကရင်နီပြည်တပ်မတော် KA ကတိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများပါရရှိ

ထိုင်း - ကရင်နီနယ်စပ်မှာတည်ရှိတဲ့ စစ်ကောင်စီရဲ့ ပွိုင့် ၅၄၁၆ ( စစ်ဆင်ရေးခြေကုပ်စခန်း) ကို ကရင်နီပြည်တပ်မတော် (KA) က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်နီစစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

သီပေါမြို့နယ်ရှိ ဟိုတယ်တစ်ခုကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်း-အုတ်တွင်း လမ်းမှာ တိုက်ခိုက်ခံရပြီး စစ်ကား ချောက်ထဲကျ၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှ ရဲစခန်းများ တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရ

စစ်ဆင်ရေးနယ်မြေ (၂) အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒီရက်ပိုင်း တိုက်ခိုက်ချေမှုန်းခဲ့မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) မှာ ထုတ်ပြန်လာပါတယ်။
Read More

အရာတော် အထက်တန်းကျောင်းရှေ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်သားများ ထွက်ပြေး၊ ဆိုင်ကယ် ၃ စီး၊ ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ အထက်တန်းကျောင်းရှေ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပကဖ နဲ့ LDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးကုန်ကြတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။