တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဖို့ စစ်တပ်ကို သတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက် ညပိုင်းမှာ စစ်ကောင်စီအလိုကျ လုပ်ဆောင်ပေးနေတဲ့ ပုလောမြို့ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းမြင့်နဲ့ သားဖြစ်သူ စာတိုက်စာရေး ဝင်းမင်းထွန်းဆိုသူတို့ကို သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ယောက်စလုံး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
အမှတ် (၃) ရက်ကွက် အုပ်ချုပ်ရေးမှူး ထွန်းမြင့်ဆိုသူက အာဏာသိမ်းချိန်အစမှာ CDM တွေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးရာမှာ ပူးပေါင်းခြင်း၊ သတင်းပေးခြင်းတွေအပြင် လူငယ်တွေကို ပေါ်တာဆွဲရာမှာလည်း စစ်တပ်နဲအလိုကျ လုပ်ဆောင်ပေးနေသူဖြစ်တယ်လို့ သိရပါတယ်။
အလားတူ သားဖြစ်သူ ဝင်းမင်းထွန်းဟာလည်း CDM တွေနဲ့တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုဝင်နေအိမ်တွေကို စစ်တပ်ထံ ကိုယ်တိုင်လိုက်ပြခြင်း၊ သတင်းပေးခြင်းတွေကို လုပ်ဆောင်နေသူဖြစ်တာကြောင့် အခုလို ရှင်းလင်းရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဒေသခံတွေ ပြောတာအရဆို သူ့သားက ပိုဆိုးတယ်။ ပေါ်တာဆွဲတာတွေမှာ သူကိုယ်တိုင် လိုက်ပါ ဆောင်ရွက်တယ်လို့ သိရတယ်၊ ဒီဖြစ်စဉ်ပြီးတော့ ပုံမှန်ထက်တော့ အစစ်အဆေး ကြပ်တာမျိုးရှိတယ်၊ အနားမှာလည်း ရဲစခန်းရှိတော့လေ… ရဲစခန်းက ရပ်ကွက် တခုတည်းလို့ ပြောလို့ရတယ်” လို့ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
ပုလောမြို့နယ်အတွင်းက ကျန်ရှိနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တာရားဆက်လက် လည်ပတ်နိုင်အောင် ကူညီတာတွေ၊ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းတာတွေကို မပြုလုပ်ဖို့နဲ့ ဆက်လက်လုပ်ဆောင်နေပါက အပြင်းထန်ဆုံးသော အပြစ်ပေးမှုကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကိုတော့ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇) ပူးပေါင်းမဟာမိတ်တဆို့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – စစ်ကောင်စီချယ်နယ်မှာ တွေ့ရတဲ့ အုပ်ချုပ်ရေးမှူး ထွန်းမြင့်နဲ့ သားဖြစ်သူ ဝင်းမင်းထွန်းတို့၏ အလောင်း
0 Shares:
You May Also Like
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အာဆီယံဘုံသဘောတူညီချက်ကို ဂရုမစိုက်ဘဲ အရပ်သားများကို တိုက်ခိုက်နေသည့် စစ်ကောင်စီကို အရေးယူရန် အထူးလိုအပ်လာပြီဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အာဆီယံကို တိုက်တွန်း

အာဆီယံဘုံသဘောတူညီချက်ကို မလိုက်နာဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအနေနဲ့ အရေးယူဖို့ အထူးလိုအပ်လာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ် - ၁၁/၂၀၂၅" မှာ ပြောကြားလိုက်ပါတယ်။
Read More

လက်ပံတန်း ကျောက်တွင်းရွာလမ်းဆုံ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။
Read More

ခွင့်ယူပြီး ​KTV လာရောက်ပျော်ပါးသည့် ကပစ ၂၄ ဗိုလ်မှူး သော်ဇင်ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ ခွင့်ရက်ယူပြီး KTV လာတဲ့ ကပစ (၂၄) က ဗိုလ်မှူး သော်ဇင်ဦးနဲ့ အပေါင်းအပါတွေကို သွားရောက်ပစ်ခတ်ရှင်းလင်းရာ နေရာတင် ​၂ယောက် သေဆုံးကြောင်း Earthqauke People's Defence Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရှမ်းမြောက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသက နယ်မြေတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း  MNDAA က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု ရှိနေသည့် အဆောက်အဦးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၈ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲနေတဲ့ အဆောက်အဦးကို ဒရုန်းနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၈ ယောက် သေဆုံးခဲ့ကြောင်း တောကျီးကန်း (၇) ကောင် တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။