မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကပစ-၂၁ သို့ သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်တွေ စစ်ဆေးဖို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ ဒေါင်းစစ်အောင်(LPDF)ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက မင်းဘူးခရိုင် စလင်းမြို့နယ် တ‌ညောင်တိုက်နယ် မကျီးစင်ရွာသို့ စစ်ယာဉ်အကြီး ၅ စီး၊ အသေး ၂ စီးနဲ့ ဆိပ်ဖြူမြို့နယ် ကပစ-၂၁ သို့ သွယ်တန်းထားတဲ့ လျှပ်စစ် မီးတိုင်တွေ ပြုပြင်စစ်ဆေးဖို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန် ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းစစ်အောင်(LPDF)၊စလင်းမြို့နယ်(ပကဖ-ဇုန် ၃)၊မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၊မကွေးခရိုင်အမှတ်(၂)တပ်ရင်း၊မကွေး ပကဖနဲ့ မကွေးတိုင်း ဒရုန်းလက်ရုံးအဖွဲ့တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ဆိပ်ဖြူမြို့နယ်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ဆည်ကန်ရွာ အနောက်ဘက်မှာ အထိုင်ချတပ်စွဲဖို့ ပြင်နေတဲ့ စစ်သားတွေကို လက်လုပ်ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျောက်ဆည်ကန်ရွာအနောက်ဘက်မှာ အထိုင်ချတပ်စွဲဖို့ ပြင်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၇၀ ခန့်ကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းက လက်လုပ် ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် -တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦး သေပြီး PDF ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးပြီး PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စဉ့်ကိုင်မြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျရာတာဝန် ကျေပွန်နေကြတဲ့ အမျိုးသမီးရဲဘော်လေးများ (ရုပ်/သံ)

ကျရာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေကြတဲ့ အမျိုးသမီးရဲဘော်လေးတွေရဲ့ တစ်နေ့တာ တာဝန်တွေကို မုံရွာခရိုင်တပ်ရင်း(၄) Monywa The Boys က ထုတ်ပြန်လိုက်ပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိဘဲ အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့သည့် ခင်ဦးမြို့နယ် တိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့ရတဲ့ တိုက်ပွဲရုပ်သံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်‌ပေးအပ်ခြင်းအခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (ကျောင်းသားတပ်မတော်)တို့ပူးပေါင်းပြီး အပတ်စဉ် ၁ (၁/၂၀၂၅) အခြေခံ စစ်ပညာသင်တန်းနဲ့ လက်နက်ပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၂ ရက်က ပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ပြည်သူများထံ အဓမ္မပိုက်ဆံတောင်းနေသည့် အကြမ်းဖက်စစ်အုပ်စုကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ‌ချောင်းဦးမြို့နယ်အတွင်း ပြည်သူတွေထံက အဓမ္မပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ Royal Tiger Force က သတင်းထုတ်ပြန်ထားပါတယ်။