အာဂျင်တီးနား တရာရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်မယ်လို့  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါဟာ ၂၀၂၅ ခုဖေဖော်ဝါရီလ ဒုတိယပတ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ်၂၅ ယောက်ကို အာဂျင်တီးနား တရာရုံးက ဖမ်းဝရမ်းထုတ်ပြီး ရက်ပိုင်းအကြာမှာပဲ မင်းအောင်လှိုင် ပထမဆုံးသွားရောက်မယ့် ပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း ရုရှားနိုင်ငံကို အာဏာသိမ်း စစ်ခေါင်းဆောင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးသွားရောက်မယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်က ဗလာဒီဗိုစတော့တွင် ကျင်းပသည့် 2022 အရှေ့စီးပွားရေးဖိုရမ်၌ မြန်မာစစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကို အတူတွေ့ရစဉ် (ဓာတ်ပုံ AFP)

ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်က ရုရှားနိုင်ငံမှာ ကျင်းပတဲ့  အရှေ့ဖျားစီးပွါးရေးဖိုရမ်ကို တက်ရောက်ခဲ့ပါသေးတယ်။ မင်းအောင်လှိုင်အနေနဲ့ အခုခရီးစဉ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားကို ဒုတိယအကြိမ်မြောက်သွားရောက်မယ့် ခရီးစဉ်လည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ စစ်ကောင်စီကို စစ်လက်နက်၊ ခဲယမ်းနဲ့ လောင်စာဆီတွေ အဓိကရောင်းချနေပြီး အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာနဲ့ ဆန့်ကျင်ကာ တရုတ်နည်းတူ ထောက်ခံအားပေးနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေးဖြေရှင်းရာတွင် မလေးရှား လုပ်သွားသည့်အတိုင်း ဆက်လုပ်သွားမည်ဟု ဖိလစ်ပိုင် ပြော

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လာမယ့် အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာ့အရေးကို ကိုင်တွယ်တဲ့နေရာမှာ မလေးရှား  လုပ်သွားတာတွေကို ဆက်လက် လုပ်ဆောင်ဖို့ ဦးစားပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လာဇာရိုက နိုဝင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က ငလျင်ဘေးသင့် ပြည်သူများနေထိုင်ဖို့ ယာယီတဲ ၉၀ ကျော် တည်ဆောက်ပေး

ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးရောက်ရှိနေတဲ့ ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ပြည်သူတွေနေထိုင်နိုင်ဖို့ ယာယီတဲ ၉၁ လုံး တည်ဆောက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ဂျပန် ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို NUG ကိုယ်စားလှယ် တက်ရောက်

ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

စစ်ကောင်စီနှင့် ရိုဟင်ဂျာအရေးဆွေးနွေးတာ ရလဒ်မထွက်ဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ နှစ်နိုင်ငံကြား အပြန်အလှန်ဆွေးနွေးမှုဟာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က မေလ ၄ ရက်မှာ ပြောပါတယ်။
Read More

ငလျင်ဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ထိုင်းအထူးတပ်ဖွဲ့ ရောက်ရှိ

ထိုင်းအစိုးရက စေလွှတ်လိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့ဝင် (၅၅) ယောက်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။