စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ ကျော်ရှိခဲ့တယ်လို့  လူသားမျိုးနွယ် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ဆေးရုံ၊ ဆေးခန်းတွေ တိုက်ခိုက်ခံရတာ ၁၅၇၄ ကြိမ်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်  ဆေးရုံ၊ ဆေးခန်း စတဲ့ ကျန်းမာရေးအဆောက်အအုံတွေ ပျက်စီးခဲ့ရတဲ့ အကြိမ်အရေအတွက် ၃၄၇ ကြိမ်ရှိခဲ့ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ကျန်းမာရေးဝန်ထမ်း  ၁၃၅ ဦး သေဆုံးပြီး  ၈၃၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

တိုက်ခိုက်မှုတွေထဲမှာ စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူနဲ့ ကသာခရိုင်တွေမှာ အများဆုံးတိုက်ခိုက်ခံခဲ့ရပြီး ပဋိပက္ခတွေ ပြင်းထန်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာလည်း ၂၀၂၄ ခုနှစ်အတွင်းမှာ တိုက်ခိုက်ခံရမှု တိုးမြင့်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ ဆေးရုံဆေးခန်းတွေကို အဓိကထား တိုးမြှင့်တိုက်ခိုက်မှုတွေဟာ ၂၀၂၄အတွင်း မြင့်တက်လာခဲ့တယ်လို့လည်းဆိုပါတယ်။

ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းတွေကို အဓိကထား ဦးတည်တိုက်ခိုက်မှုဟာ  လူသားမျိုးနွယ်တစ်ရပ်လုံးကို စစ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေက နိုင်ငံတကာအနေနဲ့ အရေးယူဖို့ မကြာခဏတိုက်တွန်းပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ပထမဆုံး ကျဆုံးခဲ့သည့် ရဲဘော်၏ ကျဆုံးခြင်း ၄ နှစ်ပြည့် ပြုလုပ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မတ္တရာတွင် စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်အုပ်စု မုဒိန်းကျင့်စွန့်ပစ်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မုဒိန်းကျင့်စွန့်ပစ်ထားခဲ့ကြောင်း Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၁လောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းကို မနေ့က တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၃ရက် မနက် ၈နာရီလောက်က မှော်စီစာကျေးရွာ A2 ရပ်ကွက်က ကျင်းတူးနေတဲ့နေရာအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ မူးယစ်ဆေးသုံးစွဲသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ထားဝယ် သွားမယ့် စစ်ကောင်စီမြေတင်ကားတွေ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာ အနီးတဝိုက် ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ အမှတ် (၂) ရဲစခန်းက ဒုရဲအုပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ် ၁ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။